မူလစာမျက်နှာ

Saturday, 11 December 2010

အိန္ဒိယ ဆန့်ကျင်ရေး စာမေးပွဲမေးခွန်းထုတ်မှု ကြောင့် ကျောင်းဆရာ အဖမ်းခံရ

'ကျောက်ခဲနှင့် ပစ်ပေါက်သင့်သလား' ဆိုတဲ့ အိန္ဒိယ ဆန့်ကျင်ရေး စာမေးပွဲမေးခွန်းထုတ်မှု စွတ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ ကက်ရှမီးယားဒေသရှိ ကောလိပ် ကျောင်း ဆရာတစ်ဦးကို အိန္ဒိယ ရဲများက ဖမ်းဆီးလိုက်သည်။
အိန္ဒိယ ဆရိနဂါခရိုင် ရဲချုပ်က တရားမ၀င်ပြုမူလှုပ်ရှားမှုဆိုင်ရာ ဥပေဒေနဲ့ မူဆလင် ကျောင်းဆရာ နော်ရ် မိုဟာမဒ် ဘတ် ကို သောကြာနေ့ ညနေတွင် ဖမ်းဆီးလိုက်ကြောင်း CNN ကို အတည်ပြုပြောကြားခဲ့သည်။
ထိုမူဆလင် ကျောင်းဆရာမှာ ကက်ရှမီးယားဒေသ အင်္ဂလိပ်စာပြ ကောလိပ်ကျောင်းဆရာတစ်ဦး ဖြစ်ပြီး၊ တက္ကသိုလ်တန်းအဆင့် စာမေးပွဲ မေးခွန်းတစ်ခုတွင် ‘မကောင်းဆိုးရွားများကို ကျောက်တုံးဖြင့် ပစ်ပေါက်ခြင်းဖြင့် ကက်ရှမီးယားဒေသ ဂုဏ်ရောင်ကို မြှင့်တင်လော့’ ဆိုသော လူမျိုးရေးခွဲထွက်မှု အမြင်ပါရှိတဲ့ အင်္ဂလိပ်အက်ဆေး ရေးခိုင်းခြင်းကြောင့် ဖမ်းဆီးခဲ့ရသည်ဟု ရဲချုပ်က ပြောသည်။
ကျောင်းဆရာ ဘတ်က အစ္စလမ်ဘာသာရေးဓလေ့အရ ‘ကျောက်တုံးနဲ့ ပစ်ပေါက်သူတွေဟာ သူရဲကောင်း စစ်စစ်တွေလား ဆွေးနွေးပါ’ ဟု ကျောင်းသား များကို ခေါင်းစဉ်ပေးထားသည်။ စာမေးပွဲမေးခွန်းမှာ လွန်ခဲ့တဲ့ ငါးလကျော်က ကက်ရှမီးယားဒေသ လွတ်လပ်ရေး ခွဲထွက်လိုသော မငြိမ်သက်မှုများကို ပြန်အစဖော်ခြင်း ဖြစ်သည်။ ထိုငါးလခန့်က ရဲတစ်ဦးကြောင့် အသက် ၁၇ အရွယ် ကျောင်းသားငယ် သေဆုံးခဲ့ရပြီးနောက် လူငယ်များက အိန္ဒိယရဲများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ပြီး ပဋိပက္ခများ ဖြစ်ခဲ့သည်။ ထိုနောက် လူ ၁၀၀ အသက် ဆုံးရှုံးတဲ့အထိ ကျောက်တုံးပစ် အရေးအခင်း ဖြစ်ခဲ့သည်။
နောက်ထပ် ထိုဆရာက အူရဒူ ဘာသာမှ အင်္ဂလိပ်စာသို့ ဘာသာပြန်ခိုင်းတဲ့ မေးခွန်းတွင်လည်း ‘ကက်ရှမီးယားမှာ မီးတွေ ပြန်လောင်နေသည်။ လူငယ်တွေရဲ့ သွေးမှာ ရေကဲ့သို့ စီးဆင်းနေသည်။ လူငယ်လေးတိုင်းကို ရဲများနှင့် လုံခြုံရေးများက သေအောင် ရိုက်သတ်နေသည်။ ငယ်ရွယ်သော မိန်းကလေးများ ဗိုက်ထဲသို့ ကျဉ်ဆန်များ ပစ်သွင်းခံနေရသည်။ ကက်ရှမီးယားအနှံက လူတွေရဲ့ သွေးနဲ့ မျက်ရည်တွေ စီးကျနေသော်လည်၊  အုပ်ချုပ်သူများမှာ အိပ်မောကျမိန်းမောလျက်ပင် ရှိနေသေးသည်။ ၀တ်ပြုဆုတောင်းသူများလည်း ဘာမှမတတ်နိုင်’ ဟု ပါရှိသည်။
ကက်ရှမီးယား တောင်တန်းများမှာ ပါကစ္စတန် အိန္ဒိယ တရုတ် သုံးနိုင်ငံအကြား ခွဲခြားတည်ရှိနေသည်။ အတိတ်တွင် အိန္ဒိယနှင့် ပါကစ္စတန် တိုက်ပွဲများဖြစ်ခဲ့ပြီး ယခုအခါ အန္ဒိယ တပ်သားထောင်ပေါင်းများစွာက ပါကစ္စတန် အကြမ်းဖက်သူများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့သော် လူမျိုးရေး ဘာသာရေး ပြဿနာများမှာ ဆက်လက် ဖြစ်ပွားလျက် ရှိနေသေးသည်။

No comments:

နေ့မှာ