ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်သို့ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးရောက်ရှိနေကြသည့် ကရင်နီဒုက္ခသည်များ ရွေးကောက်ပွဲကျင်းပကြသည်။ ဒုက္ခသည်များအတွက် စခန်းတွင်းရှိ ရပ်ကွက်မှူးများ၊စခန်းအုပ်ချုပ်ရေးကော်မီတီဝင်များနှင့် ဒုက္ခသည်ပင်မကော်မီတီဝင်သစ်တရပ် ဖြစ်မြောက်လာနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်မှ လွို့ဝှက်မဲပေးမှုစနစ်ဖြင့် အမှတ်-၁ ဒုက္ခသည်စခန်းတွင် ရွေးကောက်ပွဲကျင်းပပေးခြင်းဖြစ်သည်။
အသက် ၁၈နှစ်ပြည့်သူတိုင်း မဲထည့်ခွင့်ပေးထားပြီး ရွေးကောက်ပွဲရက်တွင် ပြင်ပမှလာရောက်လေ့လာသူတိုင်း ကော်မရှင်အဖွဲ့ကခွင့်ပြုချက်ပေးထားသည်။
၂၀၀၆ခုနှစ်မှစ၍ ယခု ၂၀၁၀အထိ တတိယနိုင်ငံသို့ ကရင်နီဒုက္ခသည် ၁သောင်းကျော် အခြေချနေထိုင်ရန် ထွက်ခွာသွားခဲ့ကြပြီဖြစ်သော်လည်း ယခုလက်ရှိ အမှတ် ၁နှင့်၂ စခန်းတွင် ဒုက္ခသည် ၂သောင်းဝင်းကျင်ကျန်ရှိနေသေးသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို ကော်မရှင်အဖွဲ့မှ မကြာခင်ရက်အတွင်း တရားဝင်ထုပ်ပြန်ကြေညာမည်ဖြစ်သည်။

No comments:
Post a Comment