မူလစာမျက်နှာ

Saturday, 18 December 2010

မောင်တော ဂျပန် BAJ ဆောက်လုပ်ရေးရုံး မီးလောင်

12/17/2010

မောင်တောမြို့ ရွှေဇားတံတားကို တည်ဆောက်နေသော ဂျပန်အန်ဂျီအို တခုဖြစ်သည့် BAJ ဆောက်လုပ်ရေးရုံးကို ယမန်နေ့ ညဉ့်က မီးလောင်ကျွမ်း သွားကြောင်း သတင်း ရရှိသည်။

မျက်မြင် တစ်ဦးက “ ညဉ့် ၁၁ နာရီမှာ စတင်လောင်တာ ဖြစ်ပါတယ်။ အကုန်လုံး မီးထဲပါသွားပါတယ်။ ရုံးထဲမှာ ကွန်ပျူတာတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ အများကြီးရှိတဲ့ အတွက်သိန်းရာချီပြီး ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်” ဟု ပြောသည်။

မည်သည့် အတွက် မီးလောင်ရသည်ကို မသိရှိရသေးကြောင်းနှင့် ယခုအခါ စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။

မီးသတ်ရန် မီးသတ်ကားများတွင် ရေမရှိသဖြင့် ဇာတ်ပွဲ သွားကြည့်သူများက ၀ိုင်းဝန်း မီးငြိမ်းသတ်ရခဲ့ရကြောင်း ပြောကြားသည်။

“ မီးသတ်ကားတွေမှာ ရေမရှိဘဲ ဖြစ်နေတဲ့ အောင်ဗလ ကျေးရွာမှာ ကပြနေတဲ့ ဇာတ်ပွဲက အပြန်လူတွေက အနီးအနားက ရှိတဲ့ ချောင်းရေနဲ့ မီးကို ငြိမ်းသတ်ခဲ့ရပါတယ်” ဟု သူကပြောသည်။

BAJ သည် မောင်တောမြို့ရွှေဇားတံတားကို ဆောက်လုပ်နေပြီး လာမည့်လတွင် အပြီးသတ်ရန် အစီအစဉ် ရှိနေချိန်တွင် ယခုကဲ့သို့ ဆောက်လုပ်ရေး ရုံးကို မီးလောင်သဖြင့် ဒေသခံများ အကြားတွင် အမျိုးမျိုး ဝေဖန် ပြောဆိုလျှက် ရှိနေကြောင်း သိရသည်။

No comments:

နေ့မှာ