December 23rd, 2010
တနင်္လာနေ့က မလေးရှားတောင်တန်းပေါ်မှာ ဘတ်စ်ကားချင်း တိုက်ပြီး သေဆုံးသွားကြတဲ့ ထိုင်းကမ္ဘာလှည့်ခရီးသည် ၂၅ ယောက်ရဲ့အလောင်းတွေ သယ်လာတဲ့ C-130 စစ်လေယာဉ် ၂ စင်းဟာ ပြီးခဲ့တဲ့ညက ဘန်ကောက်ကို ဆိုက်ရောက်လာပါတယ်။လေယာဉ်ပေါ်မှာ ပူဆွေးသောကရောက်နေကြတဲ့ သေဆုံးသူတွေရဲ့မိသားစုတွေလည်း ပါပါတယ်။ ဒီ C-130 စစ် လေယာဉ်အတွက် စရိတ်ကို ကောင်စစ်ဝန်ဌာနက ပေးပါတယ်။ တနာရီကို ဘတ် ၂၀၀,၀၀၀ နီးပါးကျပါတယ်။ ဘန်ကောက်က အမှတ် (၆) လေတပ် ကွင်းကို သေသူတွေနဲ့ သူတို့ဆွေမျိုးတွေ ရောက်ပြီးနောက်မှာ သူတို့သက်ဆိုင်ရာ မြို့ တွေဆီ ပြန်ဖို့ အာမခံကုမ္ပဏီတွေက စီစဉ်ပေးပါတယ်။ အများစုက ဘန်ကောက်၊ ဆူဖန် ဘူရီ၊ ဖက်ချာဘွန်၊ ချင်းရိုင် နဲ့ဖူးခက်တို့က ဖြစ်ပါတယ်။
ဒဏ်ရာရတဲ့ ထိုင်းခရီးသည် (၁၀) ယောက်ထဲက တယောက်ကတော့ ဒီလေယာဉ်နဲ့ပဲ အိမ်ကို ပြန်လာပါတယ်။ ၃ ယောက်ကိုတော့ ဟတ်ရိုင်ဆေးရုံကို လွှဲပြောင်းပေးပို့လိုက် ပါ တယ်။ ကျန်တဲ့ ဒဏ်ရာသမား ၆ ယောက်ကို မလေးရှားဆေးရုံမှာ ကုသပေးနေ ပါ တယ်။ ၂ ယောက်က အသဲအသန် ကုသနေရပါတယ်။ မလေးရှားက လူနာတွေအတွက် ဆေးကုသစရိတ် အကုန်အကျခံမယ်ဆိုတာ ကမ်းလှမ်းပါတယ်လို့ ပြည်သူ့ကျန်းမာ ရေး ၀န်ကြီး ဂျူရင်လက်စနာဝီဆစ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကုသခံနေရတဲ့ လူနာတွေလည်း အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှုစီမံကိန်းအရ အခမဲ့ကုသမှု ရရှိမှာဖြစ်ပါမယ်။
No comments:
Post a Comment