မူလစာမျက်နှာ

Wednesday, 29 December 2010

မြန်မာအလုပ်သမားများ နှစ်ကူး ရဟန်းခံ

ဘန်ကောက် မဟာချိုင် ဝပ်ခေါင်မဒေးယားကျောင်းမှာ နှစ်သစ်ကူးစုပေါင်းရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲနဲ့ တရားစခန်းဖွင့်ပွဲကို ဒီနေ့ ကျင်းပပါတယ်။

ဒီစုပေါင်းရဟန်းခံနဲ့ တရားစခန်းဖွင့်ပွဲကို ရွှေတွံတေးဆရာတော်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၅၇ ဦးတို့ဟာ ရဟန်းခံခဲ့ကြပြီး အမျိုးသမီး ၂၅ ဦးဟာ သီလရှင် ၀တ်ခဲ့ပါတယ်။ ၆ရက်ကြာ မိုးကုတ်တရားစခန်းပွဲကိုတော့ လူယောဂီ ၁၈၀ ၀င်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဗုဒ္ဓဘာသာတရားရဲ့ အဆုံးအမများအောက်မှာ ငြိမ်းချမ်းမှု ရရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် ထိုင်းနိုင်ငံဆရာတော် ဦးဇ၀နနဲ့ ဖန်ငါးဆရာတော် ဦးဣန္ဒဝံသတို့က တရားဓမ္မများ ဟောကြားခဲ့ပါတယ်။

ဘန်ကောက် မဟာချိုင်ဒေသမှာ ရေထွက်ပစ္စည်းထုတ်လုပ်ရာ စက်ရုံများစွာရှိနေပြီး လုပ်သားအများစုဟာ မြန်မာပြည်သားတွေ ဖြစ်ပါတယ်။



No comments:

နေ့မှာ