မူလစာမျက်နှာ

Thursday, 9 December 2010

ဒေါ်လာဈေးကျ၊ ရွှေဈေးကျ


ရန်ကုန်တွင် အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ်ကျဆင်းနေရာ ယနေ့ ပျှမ်းမျှ တဒေါ်လာလျှင် ၈၈၅ ကျပ်သာ ဈေးပေါက်တော့သည်။

ပန်းဘဲတန်းမှ ငွေလဲသူတဦးက တဒေါ်လာလျှင် ၈၈၅ ကျပ်ရောင်းပြီး ၈၈၀ ဖြင့် ဝယ်သည်ဟု ပြောသည်။

ဇူလိုင်လအတွင်းက တဒေါ်လာလျှင် ၉၉၀ အထိဈေးပေါက်ခဲ့သည်။

dollarFEC ဈေးနှုန်းကလည်း ပြင်ပပေါက်ဈေး တယူနစ်လျှင် ယခင် အပတ်က ၈၄၀ ရှိခဲ့ရာမှ ယနေ့ ၈၂၀ နှင့် ရောင်းနေကြသည်။

ရွှေဈေးကတော့ မနေ့ကထက် တကျပ်သားကို  ၅ ထောင်နီးပါး ပြန်ကျပြီး ၆၆,၃၅၀၀ ဈေးပေါက်နေသည်။

လောင်ကျွမ်းအား ပိုကောင်းသော အောက်တိန်းဓာတ်ဆီဈေးကတော့ တဂါလံလျှင် ကျပ်၃၂၀၀ မှ  ၃၃၀၀ သို့ မြင့်တက်သွားသည်။

ထိုဓာတ်ဆီများကို ယခင် FEC ဖြင့်သာ ဝယ်ယူသုံးစွဲခွင့်ရသော်လည်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှု ပုဂ္ဂလိကသို့ လွှဲပေးလိုက်ပြီးနောက် ကျပ်ငွေဖြင့် ဝယ်ယူခွင့် ပြုသည်။

No comments:

နေ့မှာ