ကရင်နီဒုက္ခသည် ၁၂ ဦး စခန်းအပြင်ဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်ရာမှ အပြန်ခရီးတွင် စက်လှေမှောက်၍ အများစု လွတ်မြောက် လာခဲ့သော်လည်း ရေမကူးခတ်နိုင်သည့် အမျိုးသမီး ၃ ဦးမှာ ရေမျော၍ နှစ်ဦး၏ အလောင်းများ ယမန်နေ့က ပြန်လှည်တွေ့ရှိပြီး ၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သိရသည်။
မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဟွေ့လိုကျေးရွာတွင် နှမ်းများ သွားရောက်ရိပ်သိမ်းခဲ့ကြသော ကရင်နီအမှတ်-၁ စခန်းမှ ဒုက္ခသည် ၁၂ ဦးအား ဒေသခံနှစ်ဦးမှ ယခု စက်တက်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီအချိန်တွင် စက်လှေဖြင့် ပြန်ပို့နေချိန် ဟွေ့လိုကျေးရွာအနီး မဲမန်း ချောင်းနှင့် နန်ပန်ချောင်း ဆုံအရောက်တွင် စက်ပျက်၍ စစ်လှေမှောက်သွားခြင်း ဖြစ်သည်။ ထိုအချိန်၌ မယ်ဟောင်ဆောင်ခရိုင်တွင် မိုးရွာသွန်းမှုကြောင့် နန့်ပန်ချောင်း ရေတက်နေသည့် အချိန်လည်း ဖြစ်သည်။
ရေမျော၍ ပျောက်ဆုံးနေသည့် အမျိုးသမီး သုံးဦးမှာ အသက် (၄၀) အရွယ်ရှိ မော်တလဲမိုးနှင့် သမီးဖြစ်သူ (၁၈) အရွယ်ရှိ မော်ဖရဲမိုးတို့နှင့် ကလေးသုံးယောက်အမေဖြစ်သူ မော်စေးမယ် (၃၆) နှစ် တို့ဖြစ်သည်။ သို့သော် ပြန်လှည်တွေ့ရှိရသော အမျိုးသမီးအလောင်း နှစ်လောင်းမှာ ဖောင်းပွနေသည့်အတွက် မည်သူမည်ဝါ ဖြစ်သည်ကို အသေအချာ မသိရှိရသေးကြောင်း ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မတီက ဆိုသည်။
“အဲနေ့က ကျမတို့ အလုပ်လုပ်ပြီး ပြန်မယ်လို့ ပြင်ဆင်နေကြတယ်လေ။ ညလဲမှောင်နေပြီ။ တစ်ယောက်နဲ့ တယောက် သိပ်မမြင်ရတော့ဘူး။ ကျမတို့ လူအလုံးပေါင်း (၁၄)ယောက် ရှိတာပေါ့။ စက်လှေသမားနဲ့ သူ့မြေးလေး အပါအဝင်ပေါ့။ စက်လှေက ငယ်တော့ မရဘူး ထင်တယ်။ နှစ်ခေါက် သယ်မှ ရမယ်လို့ စက်လှေသမားကို ပြောသေးတယ်။ နှစ်ခေါက် သယ်မယ်ဆိုရင် ညတအားကြီး မှောင်တော့မယ်။ ရတယ် အကုန် တက်လို့ ကျမတို့ကို ပြောတော့ အကုန်တက်လိုက်တယ်။ သူစက်ကို နိုးတော့ ထွက်သွားတယ်။ ရေလယ်ရောက်တော့ စက်ကသေသွား တယ်။ ပြန်နိုးလို့ မရဘူး ဖြစ်နေတယ်။ နောက်ရေကလဲ အရမ်းတက်လာတော့ စက်လှေက မှောက်သွားရော။ တစ်ယောက်တပေါက်စီ ဖြစ်သွားတယ်။ ကျမ ဟိုဘက်ကမ်းစကို ရောက်သွားတယ်။ ဒီးကူပင်ကို ဆုပ်ကိုင်မိလိုက်တော့ ကုန်းပေါ်ရောက်သွားတယ်။ ဘယ်လိုဖြစ်ကုန်လဲတော့ မသိကြတော့ဘူး” ဟု လွတ်မြောက်လာသူ ဒေါ်ပလဲမယ်က အဖြစ်အပျက်ကို ရှင်းပြသည်။
အမှတ်၁ ဒုက္ခသည်စခန်းတွင် နေထိုင်ကြသော ကရင်နီဒုက္ခသည်တို့သည် အများအားဖြင့် အလုပ်လက်မဲ့ ပြသာနာနှင့် ရင်ဆိုင်နေကြရသူများ ဖြစ်သည်။ မိသားစုဝင် အချို့တို့သည် ဒုက္ခသည်စခန်း အနီးရှိ ထိုင်းတောင် ပေါ်သား ကျေးရွာများသို့ တရားမ၀င်ဘဲ နေ့စားအလုပ်များ သွားရောက်လုပ်ကိုင်ကြရသည်။
“အခု ကျနော်တို့ စခန်းမှာက အလုပ်အကိုင်က အရမ်းရှားပါးတယ်လေ။ NGOs အဖွဲ့အစည်းတွေလဲ သိထားပြီးသား။ နောက် ဒီပြသာနာကို ဘယ်သူမှ မဖြေရှင်းနိုင်ဘူး ဖြစ်နေတော့ ကျနော်တို့ စခန်းကော်မတီ အနေနဲ့လဲ အတင်းချုပ်ကိုင်လို့လဲ မရဘူး ဖြစ်နေတယ်လေ” ဟု ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မီတီမှ အတွေးရေးမှူး ၁ ထွေးရယ်က ပြောပါသည်။
ဒုက္ခသည် စခန်းကော်မတီနှင့် စခန်းလုံခြုံရေး တာဝန်ရှိသူများကလည်း စခန်းပြည်ပသို့ မထွက်သွားကြရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီးသား ဖြစ်သည်။
“စခန်းစည်းမျဉ်း စည်းကမ်းတွေက အပြင်ထွက်သွားပြီး အစုံတခု ဖြစ်ခဲ့မယ်ဆိုရင် စခန်းအုပ်ချုပ်ရေးက တာဝန်မယူပေးနိုင်ဘူးဆိုတာ စည်းကမ်းတွေက ချထားပြီးသား ဖြစ်တယ်။ အခုလို ဖြစ်သွားတာလဲ ကျနော်တို့ စခန်းကော်မတီ အနေနဲ့လဲ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အရေးထဲက ဖြစ်တဲ့ နေရာက စခန်းနဲ့ အရမ်းအလှမ်းဝေးနေတော့ ကျနော်တို့ ဘာမှ လုပ်လို့ မရဘူး။ တာဝန်လဲ မယူပေးနိုင်ဘူး ဆိုတာကိုလဲ စခန်းစည်းမျဉ်းစည်းကမ်းထဲမှာလဲ ရှိနေပြီးသား ဖြစ်တယ်” ဟု အတွေးရေးမှူး ၁ ထွေးရယ်က ရှင်းပြပါသည်။
ရေမျော၍ ပျောက်ဆုံးနေသော အမျိုးသမီး သုံးဦးမှ နှစ်ဦး၏ အလောင်းအား နန့်ပန်ချောင်း နာဘေးရှိ ဟွေ့ပူးကဲ ကျေးရွာအနီးတွင် တွေ့ရှိရကြောင်း သိရသည်။
မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဟွေ့လိုကျေးရွာတွင် နှမ်းများ သွားရောက်ရိပ်သိမ်းခဲ့ကြသော ကရင်နီအမှတ်-၁ စခန်းမှ ဒုက္ခသည် ၁၂ ဦးအား ဒေသခံနှစ်ဦးမှ ယခု စက်တက်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီအချိန်တွင် စက်လှေဖြင့် ပြန်ပို့နေချိန် ဟွေ့လိုကျေးရွာအနီး မဲမန်း ချောင်းနှင့် နန်ပန်ချောင်း ဆုံအရောက်တွင် စက်ပျက်၍ စစ်လှေမှောက်သွားခြင်း ဖြစ်သည်။ ထိုအချိန်၌ မယ်ဟောင်ဆောင်ခရိုင်တွင် မိုးရွာသွန်းမှုကြောင့် နန့်ပန်ချောင်း ရေတက်နေသည့် အချိန်လည်း ဖြစ်သည်။
ရေမျော၍ ပျောက်ဆုံးနေသည့် အမျိုးသမီး သုံးဦးမှာ အသက် (၄၀) အရွယ်ရှိ မော်တလဲမိုးနှင့် သမီးဖြစ်သူ (၁၈) အရွယ်ရှိ မော်ဖရဲမိုးတို့နှင့် ကလေးသုံးယောက်အမေဖြစ်သူ မော်စေးမယ် (၃၆) နှစ် တို့ဖြစ်သည်။ သို့သော် ပြန်လှည်တွေ့ရှိရသော အမျိုးသမီးအလောင်း နှစ်လောင်းမှာ ဖောင်းပွနေသည့်အတွက် မည်သူမည်ဝါ ဖြစ်သည်ကို အသေအချာ မသိရှိရသေးကြောင်း ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မတီက ဆိုသည်။
“အဲနေ့က ကျမတို့ အလုပ်လုပ်ပြီး ပြန်မယ်လို့ ပြင်ဆင်နေကြတယ်လေ။ ညလဲမှောင်နေပြီ။ တစ်ယောက်နဲ့ တယောက် သိပ်မမြင်ရတော့ဘူး။ ကျမတို့ လူအလုံးပေါင်း (၁၄)ယောက် ရှိတာပေါ့။ စက်လှေသမားနဲ့ သူ့မြေးလေး အပါအဝင်ပေါ့။ စက်လှေက ငယ်တော့ မရဘူး ထင်တယ်။ နှစ်ခေါက် သယ်မှ ရမယ်လို့ စက်လှေသမားကို ပြောသေးတယ်။ နှစ်ခေါက် သယ်မယ်ဆိုရင် ညတအားကြီး မှောင်တော့မယ်။ ရတယ် အကုန် တက်လို့ ကျမတို့ကို ပြောတော့ အကုန်တက်လိုက်တယ်။ သူစက်ကို နိုးတော့ ထွက်သွားတယ်။ ရေလယ်ရောက်တော့ စက်ကသေသွား တယ်။ ပြန်နိုးလို့ မရဘူး ဖြစ်နေတယ်။ နောက်ရေကလဲ အရမ်းတက်လာတော့ စက်လှေက မှောက်သွားရော။ တစ်ယောက်တပေါက်စီ ဖြစ်သွားတယ်။ ကျမ ဟိုဘက်ကမ်းစကို ရောက်သွားတယ်။ ဒီးကူပင်ကို ဆုပ်ကိုင်မိလိုက်တော့ ကုန်းပေါ်ရောက်သွားတယ်။ ဘယ်လိုဖြစ်ကုန်လဲတော့ မသိကြတော့ဘူး” ဟု လွတ်မြောက်လာသူ ဒေါ်ပလဲမယ်က အဖြစ်အပျက်ကို ရှင်းပြသည်။
ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းမှ ရပ်ကွက် မြင်ကွင်းတနေရာ
“အခု ကျနော်တို့ စခန်းမှာက အလုပ်အကိုင်က အရမ်းရှားပါးတယ်လေ။ NGOs အဖွဲ့အစည်းတွေလဲ သိထားပြီးသား။ နောက် ဒီပြသာနာကို ဘယ်သူမှ မဖြေရှင်းနိုင်ဘူး ဖြစ်နေတော့ ကျနော်တို့ စခန်းကော်မတီ အနေနဲ့လဲ အတင်းချုပ်ကိုင်လို့လဲ မရဘူး ဖြစ်နေတယ်လေ” ဟု ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မီတီမှ အတွေးရေးမှူး ၁ ထွေးရယ်က ပြောပါသည်။
ဒုက္ခသည် စခန်းကော်မတီနှင့် စခန်းလုံခြုံရေး တာဝန်ရှိသူများကလည်း စခန်းပြည်ပသို့ မထွက်သွားကြရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီးသား ဖြစ်သည်။
“စခန်းစည်းမျဉ်း စည်းကမ်းတွေက အပြင်ထွက်သွားပြီး အစုံတခု ဖြစ်ခဲ့မယ်ဆိုရင် စခန်းအုပ်ချုပ်ရေးက တာဝန်မယူပေးနိုင်ဘူးဆိုတာ စည်းကမ်းတွေက ချထားပြီးသား ဖြစ်တယ်။ အခုလို ဖြစ်သွားတာလဲ ကျနော်တို့ စခန်းကော်မတီ အနေနဲ့လဲ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အရေးထဲက ဖြစ်တဲ့ နေရာက စခန်းနဲ့ အရမ်းအလှမ်းဝေးနေတော့ ကျနော်တို့ ဘာမှ လုပ်လို့ မရဘူး။ တာဝန်လဲ မယူပေးနိုင်ဘူး ဆိုတာကိုလဲ စခန်းစည်းမျဉ်းစည်းကမ်းထဲမှာလဲ ရှိနေပြီးသား ဖြစ်တယ်” ဟု အတွေးရေးမှူး ၁ ထွေးရယ်က ရှင်းပြပါသည်။
ရေမျော၍ ပျောက်ဆုံးနေသော အမျိုးသမီး သုံးဦးမှ နှစ်ဦး၏ အလောင်းအား နန့်ပန်ချောင်း နာဘေးရှိ ဟွေ့ပူးကဲ ကျေးရွာအနီးတွင် တွေ့ရှိရကြောင်း သိရသည်။
No comments:
Post a Comment