မူလစာမျက်နှာ

Monday, 6 September 2010

မြစ်ကြီးနားမြို့တွင် သြဂုတ်လထဲ ဒုတိယအကြိမ် အမျိုးသမီး တစ်ဦး အသတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သြဂုတ်လအတွင်း ဒုတိယအကြိမ် ဓါးထိုးမှုဖြင့် အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရသည်။
6910-die-girl
သြဂုတ် ၂၂ နေ့ ညနေပိုင်း မြစ်ကြီးနားတက္ကသိုလ်အနောက်ဘက် ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ခံရတဲ့ အမျိုးသမီးတဦး။ ဓါတ်ပုံ - ကချင်သတင်းဌာန
မြစ်ကြီးနားတက္ကသိုလ်အနောက်ဘက်လမ်းကြား ရွှံအိုင်ထဲ၌ အသက် ၃၀ခန့်ရှိသည့် အမျိုးသမီးတစ်ဦးသည်  ဓါးဖြင့် အကြိမ်ပေါင်းများစွာ ထိုးသတ်ခြင်းခံခဲ့ရသည်။

လက်၊ ရင်ဘတ်၊ မျက်နှာ၊ ဝမ်းဗိုက်၊ ဦးခေါင်းများတွင် ဓါးထိုးဒဏ်ရာပေါင်း ၉ ချက်တိတိ တွေ့ရှိရကြောင်း အလောင်းကိုတွေ့ရှိသော မျက်မြင်သက်သေများ ပြောသည်။ အဓမ္မပြုကျင့်ပြီး အသတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများပြောပါသည်။

“၂၂ရက်နေ့ ညနေပိုင်းဖြစ်တာ နောက်နေ့မှ ရဲတွေလာခေါ်သွားကြတယ် ပိုင်ရှင်က မသိသေးဘူး” ဟု တက္ကသိုလ်မှ ဝန်ထမ်း တစ်ဦးပြောသည်။

သေဆုံးသူအမျိုးသမီးသည် မည်သူမည်ဝါဖြစ်ကြောင်း ယခုထိ မသိရှိရသေး၍ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် ထားကြောင်း ဆေးရုံမှ ဆရာဝန် တစ်ဦးပြောသည်။

တချိန်ထဲမှာပဲ ကျူးလွန်သူ တရားခံကိုလည်း မဖော်ထုတ်နိုင်သေးပါ။

ယင်းအခင်းမဖြစ်မီ နန်းသီတာ-ဆုတောင်းပြည့် ကမ်နားလမ်းတွေလည်း အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရသည်။ ပြီးခဲ့သည့် ကြဂုတ်လအတွင်း မြစ်ကြီးနားမြို့၌ အမျိုးသမီးများ ဆက်တိုက်သတ်ခံရသည်မှာ နှစ်ကြိမ်တိတိ ရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း တရားခံမပေါ်သည့် ကလေး ၂ ယောက်မိခင် တစ်ဦးသတ်ဖြတ်စွန့်ပစ်ခံရခြင်း မြစ်ကြီးနားတက္ကသိုလ်တည်ရှိရာ စီတာပူတွင် ဖြစ်ပွားခဲ့သေးသည်။

ယခုလို သတ်ဖြတ်မှုများ ပေါ်ပေါက်လာခြင်းသည် ၂၀၀၃ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာမ စသည့် စိတ်ကို ပျက်ပြားစေသော မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှု တွင်ကျယ်လာသောကြောင့်ဟု ဒေသခံများ ယုံကြည်ထားသည်။

No comments:

နေ့မှာ