မူလစာမျက်နှာ

Wednesday, 22 September 2010

မဲမရနိုင်မည်ကို သိ၍ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ဒေသခံများ ပြောကြား

ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာထားသည့် ကရင်နီပြည် မြို့နယ် နှစ်မြို့နယ်မှ ကျေးရွာများသည် တောကျသည့်ဒေသ ဖြစ်သည့်အပြင် မဲမရနိုင်သည့် ဒေသလည်း ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပမပေးနိုင်ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောကြပါသည်။
“အဲဒီဒေသတွေက အရင်တုန်းက သူတို့အတွက် မဲမရတဲ့ဒေသ ဖြစ်တယ်။ ဒီလိုပါဘဲ သူတို့ ခေတ်ဆိုတော့လည်း အရင်က သူတို့ကဘဲ ကောက်လိုက်တာလေ။ ရုံးက စာရင်းတွေမှာ အခုလည်း သူတို့ ကိုယ်တိုင် ကွင်းမဆင်းနိုင်လို့ ဖြစ်မှာပါ။ နောက်ဆုံးတော့ လုံခြုံရေးမနိုင်ဘူး ပြောလာမယ်လေ သူတို့က” ဟု လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပါသည်။
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့်ဟု ဆိုကာ ကရင်နီပြည်နယ် အပါအ၀င် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဒေသအချို့တို့၏ နာမည်စာရင်းများကို ရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
“လုံခြုံရေးအရ ဖြစ်မှာပေါ့။ သူတို့ဘယ်လာ၊ မိုင်းဗုံးဘယ်လာထောင်ရဲပါ့မလဲ။ သူလာရင် စစ်တပ်နဲ့ လာရမှာပဲ။ စစ်တပ်နဲ့ လာရင် စစ်ဖြစ်မယ်။ ဆိုတော့ ရွေးကောက်ပွဲ ဘယ်လုပ်လို့ ဖြစ်မလဲ။ ဒါက သူ့ဟာသူ ပြောပဲလေ။ သူရွေးတယ်၊ မရွေးဘူး ဆိုတာ ဘာမှ မဆိုင်ဘူး။ သူတို့ဟာ သူတို့ နိုင်ပြီးသား။ သူလုပ်ထားပြီးသား။ စရင်းဇယား သူလက်ထဲမှာ ရှိပြီးသားပဲလေ။ ဒါပေမယ့် မျက်နှာလှည့်သွားတာပဲသူ” ဟု ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးမှ ပြောကြားသွားပါသည်။
ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-ကေအက်စ်ဒဗလျူဒီစီ)
ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-ကေအက်စ်ဒဗလျူဒီစီ)
ရွေးကောက်ပွဲ မကျင်းပပေးနိုင်သည့် ဒေသများမှာ ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကေကောကျေးရွာအုပ်စု၊ သိုသီဖိုကျေးရွာအုပ်စု၊ ရောဒေါ်ခေါကျေးရွာအုပ်စု၊ ဒိုမိုစော ကျေးရွာအုပ်စုနှင့် ဖာဆောင်းမြို့နယ်အတွင်းရှိ ကရယ်ခီးကျေးရွာအုပ်စု၊ မိုဆာခီးကျေးရွာအုပ်စု၊ ကွာခီးကျေးရွာအုပ်စု၊ ကော်သူဒိုးကျေးရွာအုပ်စု၊ ဘဟန်းလောကျေးရွာအုပ်စုများ ဖြစ်သည်။
ကြေညာထားသည့် ဒေသများမှ ဒေသခံများသည် နိုင်ငံသားကဒ် (မှတ်ပုံတင်) တဦးမျှ မရှိပဲ တရွာလျှင် မြို့ရောက်ဖူးသည့် သုံး၊လေးယောက်ခန့်သာ မှတ်ပုံတင်များ ရှိကြပြီး ၎င်းဒေသခံများ မြို့သို့ တက်လျင်လည်း စစ်တပ်များက သူပုန် (တော်လှန်သူ) အဖြစ် သတ်မှတ်ကြသည်ဟု ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။

No comments:

နေ့မှာ