မူလစာမျက်နှာ

Tuesday, 7 September 2010

တစ်ရွာလုံးအတင်း အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း

 မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲရှိ ယင်းရဲကျေးရွာတွင် ရဲစခန်းအသစ် ဆောက်လုပ်ရန် ကျေးရွာဥက္ကဋ္ဌက တစ်အိမ်လျှင် လူတစ်ဦးစီ မလုပ်မနေရ သွားရောက်လုပ် ကိုင်ရမည် ဟုစက်တင်ဘာလ(၅)ရက်နေ့က ခိုင်းစေခဲ့ကြောင်း ရဲစခန်းကိုသွားရောက်လုပ် ကိုင်ခဲ့ရသည့်ယင်းရဲ ရွာသားတစ်ဦးကပြောပါသည်။

ဤကဲ့သို့ခိုင်းစေရာတွင် ရဲစခန်းဆောက်လုပ်မှုမပြီးမချင်းလည်း ခြံသွားခြင်း။ တောင်ယာသို့ သွားခြင်းမပြုလုပ်ရဟု ပိတ်ပင်ခဲ့ပါသည်။ ဤစခန်းသည် ဤဒေသ၌ ပထမဆုံးရဲ စခန်းဖြစ်ပါသည်။ ဤကဲ့သို့ ရဲစခန်းဖြစ်လာပြီးဆိုလျှင် လွတ်လပ်စွာ သွားလာမှုကိုလည်း ထိခိုက်လာစေသည်ဟု ရွာသား များက ပြောပါသည်။

“ကျွန်တော်တို့တစ်ရွာလုံးက ခြံ၊ လယ်အလုပ်နဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေရ တယ်လေ၊ အခုတော့ ဒီရဲစခန်းဆောက်လုပ်ဖို့ဆိုပြီးတော့ ခြံပိတ်တယ်လေ၊ အလုပ်ကောင်း ကောင်းမလုပ်ရတော့ အရမ်းကိုစိတ်ညစ်နေတယ် တယောက်သွားရင် ပီးရောပေါ့ တအိမ်တယောက်ခေါ်တာဘဲဟာ အခု ဟာက သက်သက်ကိုလုပ်တာဘဲ” ဟု ရွာသားတဦးကဆိုပါသည်။

ဤကျေးရွာများသည် စစ်အစိုးရနှင့် အပစ်မရပ်ခဲ့စဉ်ကဆိုလျှင် မွန်ပြည်သစ်ပါတီ၏အခြေခံ ဒေသဖြစ်ခဲ့ပါသည်။ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာမှ မွန်ပြည်သစ်ပါတီ၏ လှုပ်ရှားခွင့်ကို ပိတ်ပင် ခံလိုက်ရပါသည်။ တချိန်ထဲ၌ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး လှုပ်ရှားလာသည့် ဟံသာဝတီမွန်နိုင်ငံ ပြန်လည်ထူထောင်ရေးပါတီ တပ်ဖွဲ့ကိုလည်း အပြင်းအထန်လိုက်လံချေမှုန်းခဲ့ပါသည်။ ဤကာလက ဆိုလျှင် ရွာသားများကိုသူပုန် ဆက်သွယ်သူများအဖြစ် သတ်မှတ်ကာ သတ်ဖြတ်ခြင်း မုဒိန်းကျင့်ခံ ရခြင်းနေအိမ်များကို ဖျက်ဆီးလိုက်ခြင်း ရွာမှမောင်း ထုတ်ခြင်းအပြင် လူမဆန်တဲ့ နှိပ်စက်မှုနည်း မျိုးစုံကို ကျင့်သုံးပြီး နှိပ်စက်ခဲ့သည့် ကျေးရွာများဖြစ်ပါသည်။

ယခုမူမွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေးပျက်တော့မည့် အနေအထား သို့ ရောက်လာသောအခါ ဤကျေးရွာများကို ရဲစခန်းတည်ဆောက်ပြီး ရွာသားများကို ထပ်မံကန့် သတ် လာမည့် အခြေအနေဖြစ်သည်ဟု ရွာသားများကပြောပါသည်။

ယင်းရဲကျေးရွာက ရဲစခန်းဆောက်လို့ မပြီးမချင်း ယင်းရဲကျေးရွာနား၌ရှိသည့် ယင်းဒိန်။ ကဗျာကြီး ကဗျာဝမှရွာသားများလည်း ခြံသွားခွင့်ပိတ်ပင်ခံရပါသည်။ ထိုကြောင့် ခြံထွက် အသီးအနှံ ကိုသာ အားကိုးနေရသည့် ခြံသမားများအဖို့  အခက်အခဲဖြစ်နေကြရပါသည်။ ဤကျေးရွာများသည် လမ်းတံတားပြုပြင်ခြင်း။ ကင်းစောင့်ခြင်း ငွေကောက်ခံခြင်း များလည်းမကြာ ခဏခံနေကြရပါသည်။

No comments:

နေ့မှာ