မင်းထက်အောင်(စက်တင်ဘာ-၂၂)။ ။ လာမည့်သောကြာနေ့မှစတင်၍ ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများ မြန်မာစစ်အစိုးရ ရေဒီယိုရုပ်မြင်သံကြားမှ ဟောပြောမှုအစီအစဉ်စတင်မည်ဖြစ်ကြောင်း ပြည်တွင်းမှပေးပို့သော အချိန်ဇယားအရ သိရသည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက “၂၂ ရက်နေ့ကျရင် ကျနော်နေပြည်တော်သွားမယ်၊ ကြိုတင်ရေးသားချက်တွေတင်ရမယ်၊ ဒီလ ၂၇ ရက်နေ့ကျနော်တို့ပါတီအသံသွင်းခွင့်ရထားတယ်၊ ၂၉ ရက်နေ့မှာလွှင့်မယ်လို့ ပြောထားတယ်” ဟု ကောင်းဝါနှင့် ဆက်သွယ်မေးမြန်းချက်တစ်ရပ်၌ ပြောကြားခဲ့သည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေဖြင့် ယခုလ(၂၉) ရက်နေ့နှင့် အောက်တိုဘာလ(၁၈) ရက်နေ့များတွင် အသံလွှင့်မည်ဟု ထုတ်လွှင့်မည့်အချိန်ဇယား၌ ဖေါ်ပြပါရှိသည်။ အဆိုပါအချိန်ဇယားဖေါ်ပြချက်အရ ဟောပြောမှုအစီအစဉ်ကို တစ်ရက်လျှင်နိုင်ငံရေးပါတီ(၂) ပါတီအလှည့်ကျ နေ့စဉ်အသံလွှင့်သွားမည်ဖြစ်ပြီး ပါတီတိုင်းနှစ်ကြိမ်အသံလွှင့်ခွှင့်ရကြမည် ဖြစ်သည်။ ပထမအကြိမ်အသံလွှင့်ချက်ကို နောက်ထပ်တစ်ကြိမ်ပြန်လည်အသံလွှင့်ခြင်းသာ ဖြစ်မည်ဟုသိရသည်။ ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်ခန့်အလို အောက်တိုဘာလ(၃၀) ရက်နေ့တွင် ယင်းအသံလွှင့်အစီအစဉ်များ ပြီးဆုံးမည်ဟု သိရသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ နိုင်ငံရေးပါတီ(၃၇) ပါတီ အဆိုပါအသံလွှင့်ခွင့် ရရှိခဲ့သည်။ သို့ရာတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အသံလွှင့်ခွင့်မရှိဟု သိရသည်။ “အခုရွေးကောက်ပွဲဝင်ရင် ဘာဟောရမလဲ၊ ငါ့ကိုမဲပေးပါ၊ ဒီမိုကရေစီရအောင်လုပ်ပေးမယ်၊ ဒါပဲပြောလို့ရမှာပေါ့၊ ဘယ်ဟာကို ကျနော်တို့ပြင်မယ်ဆိုတာက ပြောဖို့မလွယ်ဘူး” ဟု မေးမြန်းချက်တစ်ရပ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌနိုင်ငွေသိမ်း မှတ်ချက်ချပြောဆိုခဲ့သည်။ အဆိုပါရေဒီယိုရုပ်မြင်သံကြားပြောဆိုချက်များအား ရွေးကောက်ပွဲကော်မရှင်က တင်းကြပ်သည့်စည်းမျဉ်းများ ချမှတ်ထားကြောင်း သတင်းဌာနများက ရေးသားဖေါ်ပြကြသည်။ | |
Wednesday, 22 September 2010
နိုင်ငံရေးပါတီများ မြန်မာ့ရေဒီယိုရုပ်မြင်သံကြားမှ အသံလွှင့်တော့မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment