ယနေ့ (မေလ ၂ ရက်နေ့) တွင်ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော်
တတိယပုံမှန်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော်
တတိယပုံမှန်အစည်းအဝေးများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး ကတိသစ္စာပြုရာတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
လေးဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော
ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ
ဖြစ်ကြသည်။
Source:FB
No comments:
Post a Comment