|
|
| Sunday, 06 May 2012 13:25 |
|
Suthichai Yoon(Chairman),Sermsin Samalapa(Vice Chairman)
& Pana Janviroj
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စာချွန်လွှာကို Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် Nation Multimedia Group ဥက္ကဋ္ဌ Suthichai Yoon တို့ လက်မှတ်ရေးထိုး ခဲ့ကြခြင်း ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့် Media Group နှစ်ခုအကြား အယ်ဒီတာများ အပြန်အလှန်ဖလှယ်ပြီး reporting, training, news-room management နှင့် news media ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်ပြီး အဆိုပါ သဘောတူညီမှုများ အရ Nation Multimedia Group အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် သင်တန်းများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ထို့ပြင် မကြာမီကာလတွင် ပုံနှိပ် မီဒီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု စာချုပ်များကို ဆက်လက်ရေးထိုး သွားမည်ဖြစ်သည်။ Nation Multimedia Group ၏ မှတ်တမ်း - ၁၉၇၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့။ - ထိုင်းနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံသားပိုင် မီဒီယာကုမ္ပဏီနှင့် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးထုတ်ဝေသည့် သတင်းစာဖြစ်ခဲ့။ - လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး Multimedia ကုမ္ပဏီတစ်ခုအဖြစ် မှတ်တမ်းဝင်နေ။ - ပုံနှိပ်ထုတ်ဝေမှု သတင်းမီဒီယာနှင့် ရုပ်သံထုတ်လွှင့်သည့် မီဒီယာတစ်ခုလည်း ဖြစ်ခဲ့။ - uthorized Capital 2,500,000,000 Baht (80879774 US$) - Paid-up Capital 1,647,740,300 Baht (53307677 US$) Nation Multimedia Group မှ ထုတ်ဝေသည့် စာစောင်များ (The Nation) အကြိမ်ရေ - နေ့စဉ်ထုတ် စောင်ရေ - ၆၈၂၀၀ အမျိုးအစား - အင်္ဂလိပ်သတင်းစာ (Krungthep Turakij) အကြိမ်ရေ - နေ့စဉ်ထုတ် စောင်ရေ - ၁၄၅၅၃၀ အမျိုးအစား - ထိုင်းစီးပွားရေးသတင်းစာ (Kom Chad Luek) အကြိမ်ရေ - နေ့စဉ်ထုတ် စောင်ရေ - ၉၀၀၀၀၀ အမျိုးအစား - ထိုင်းလူမျိုးအများစုကြိုက် နှစ်သက်သည့် သတင်းစာ (Nation Weekender) အကြိမ်ရေ - အပတ်စဉ်ထုတ် စောင်ရေ - ၃၀၀၀၀၀ အမျိုးအစား - ထိုင်းမဂ္ဂဇင်း (Nation Junior) အကြိမ်ရေ - လစဉ်ထုတ် စောင်ရေ - ၁၅၀၀၀ အမျိုးအစား - အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် မဂ္ဂဇင်း Nation Multimedia Group မှ ရုပ်သံလိုင်းများ - Nation Channel - Mango TV - Asean One Network Source:FB |
No comments:
Post a Comment