မူလစာမျက်နှာ

Thursday, 3 May 2012

သခွားမွှေးသီး (Cantaloupe) ဘီတာကယ်ရိုတင်း beta-carotene ကြွယ်ဝသည်

သခွားမွှေးသီး (Cantaloupe)
ဘီတာကယ်ရိုတင်း beta-carotene ကြွယ်ဝသည်။
တောက်ပတဲ့အရောင်ရှိသော သခွားမွှေးသီးတွင် ပိုတက်ဆီယမ်၊ ဘီဗီတာမင်များ၊ ဖောလစ်အက်ဆစ်နှင့် အမျှင်ဓာတ်များသာမက အင်တီအောက်ဆီဒင့် ဗီတာမင်စီ နှင့် ဘီတာကယ်ရိုတင်းများ အလွန်ကြွယ်ဝပါသည်။ ပန်းကန်လုံးသေးအပြည့်တစ်လုံးတွင် ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်း ပါဝင်သည့် ပမာဏမှာ ခန္ဓာကိုယ်အတွက် နေ့စဉ်သင့်လျော်တဲ့ ပမာဏ ၁၀၀ရာခိုင်နှုန်းထက်ပိုပါဝင်ပါသည်။

သခွားမွှေးသီးသည် ကျောက်ကပ်၏လုပ်ငန်းများနှင့် သန့်စင်ခြင်းကို အားပေးလျက် သဘာဝအလျောက် ၀မ်းကို သန့်စင်ကောင်းမွန်စေပါသည်။

သခွားမွှေးသီးသည် polyphenol အင်တီအောက်ဆီဒင့်များနှင့် ကျန်းမာရေးကို အကျိုးပြုထောက်ပံ့ပေးသည့် ဓာတ်ပစ္စည်းများ၏ အရင်းအမြစ်ကြီး လည်း ဖြစ်ပါသည်။
Source:FB

No comments:

နေ့မှာ