မူလစာမျက်နှာ

Thursday, 3 May 2012

ရန်ကုန်မှာ ကျင်းပတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခမ်းအနား






မေလ ၃ ရက်မှာကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကို ရန်ကုန်မြို့ အနော် ရထာလမ်းပေါ်ရှိ စင်ထရယ်ဟိုတယ်မှာ အဆိုပါနေ့ နေ့လယ် ၂ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာဖိုးသောကြာ(ခေတ်-မိုး)၊ Open News ဂျာနယ် အယ်ဒီတာချုပ် ဆရာသီဟစော၊ မြန်မာနိုင်ငံသတင်းစာ ဆရာများ အသင်း ဖြစ်မြောက်ရေးကော်မတီ နာယက ဆရာမောင်ဝံသ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီဝင် ဆရာအောင်လှထွန်းနှင့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေး ကော်မတီဝင် ဆရာဖိုးနိုင်လင်းတို့မှ အသီးသီးအမှာစကားများပြောကြားခဲ့ပြီး ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီ၏သဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ ကြောင်းသိရသည်။အခမ်းအနားသို့ ပြည်တွင်းပြည်ပအခြေစိုက် သတင်းဂျာနယ်များမှ သတင်းထောက် ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည်။
Source:FB

No comments:

နေ့မှာ