မူလစာမျက်နှာ

Friday, 4 May 2012

မြို့ပတ်ရထား လေးစင်းတစ်နာရီကျော်ကြာ ပိတ်မိ




ပုဇွန်တောင်ဘူတာ၌မြို့ပတ်ရထား လေးစင်းတစ်နာ၇ီကျော်ကြာ ပိတ်မိ ရန်ကုန်၊ မေ ၄ ရက်ရန်ကုန်-လှေလှော်အင်း မီးရထားစက်ခေါင်းစက်ချိုယွင်းမှုကြောင့် ယနေ့ နံနက် ၁၀ နာ၇ီဝန်းကျင်တွင် မြို့ပတ်ရထားလေးစီး တစ်နာရီကျော်ကြာပိတ်မိနေခဲ့သည်။ရန်ကုန်-လှေလှော်အင်း မီးရထားမှာ အမှတ်(၅) မြို့ပတ်လမ်းပေါ်တွင် စက်ချိုံယွင်းကာ ၇န်ကုန်ဘူတာကြီးအ၀င် ရထားလမ်းများလိုင်းခွဲသည့်လမ်းဆုံနေရာ တွင်ရပ်တန့်ခဲ့သည်။ ထိုသို့လမ်းဆုံတွင် ရပ်တန့်နေ၍ အင်းစိန်၊မင်္ဂလာဒုံနှင့်ဒဂုံ မြိုပတ်ရထားများမှာ ပုံမှန်လမ်းမှ မခုတ်မောင်းနိုင်ခဲ့ကြပေ။ထို့ကြောင့် ရန်ကုန်- မန္တလေး အမှတ် ၁ နှင့် ၂ အမြန်လမ်းမှ ရထားတွဲ လွတ်သောအခါမှသာ၎င်းလမ်းများကိုအသုံးပြု၍ စက်ပျက်ရထားအားရှောင်ကွင်းမောင်းနှင်ခဲ့ကြသည်။ထိုသို့ မြိုပတ်ရထားများပိတ်မိခဲ့သည့်အတွက်ရထားစီးခရီးသည်တို့ အားလုံးခြေလျင်လျောက်ခဲ့ရကြောင်း သိရသည်။
Source:FB

No comments:

နေ့မှာ