- 02 May 2012
တပ်စခန်းရှိ အကြီးဆုံးအခန်း (ရုံး)တွင် ရာမ (Yama) ခေါ် စိတ်ကြွရူးသွပ်ဆေး ရှူထားသော ပလပ်စတိတ်ဘူးခွံများကို မြင်တွေ့ရသည်ဟု ဆိုသည်။
စစ်ဆေးရေးအဖွဲ့တွင် ကိုယ်တိုင်ပါဝင်သော KIA အရာရှိတဦးက “သူတို့ရဲ့ အကြီးဆုံးဖြစ်တဲ့ ရုံးမှာလည်း ရာမ ရှူထားတဲ့ ဘူးခွံတွေ တွေ့တယ်။”
ကျေးရွာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင်လည်း စပါးကြိတ်စက် တစ်လုံးကိုတွေ့ရှိပြီး ကျောင်းထိုင် ဘုန်းကြီးက အစိုးရစစ်သားများကို လပေါင်းများစွာ စပါးကြိတ် (ရိက္ခာ) ပေးခဲ့သည့် သက်သေများ တွေ့ရသည်ဟု KIA က ဆိုသည်။
သိမ်းယူလိုက်သော တပ်စခန်းမှ တဲအိမ် ၆ ခုကို KIA က ယနေ့ မေလ ၂ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထို စခန်းသို့ အစိုးရစစ်သားများ ထပ်မံစခန်းချခြင်း မပြုနိုင်ရန်ရည်ရွယ်ခြင်း ဖြစ်သည်။
“အားလုံးကတော့ မဟုတ်ဘူး။ အခုမီးရှို့လိုက်တဲ့ စခန်းတွေက သူတို့ပြန်လာပြီး ပုန်းခိုနေရင်လွယ်မယ့်နေရာတွေ ပါ။” ဆိုပြီး အထက် KIA အရာရှိက ရှင်းပြခဲ့သည်။
ပြီးခဲ့သည့်အပတ် ဧပြီ ၂၆ ရက် တနေ့နီးပါး နှစ်ဖက်တပ်များကြား ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားပြီးနောက် လဂျားယန်ကျေးရွာ မြန်မာတပ်စခန်းနှင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို KIA တပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည်။
၂၀၁၁ ဇွန်လ ၉ ရက် နှစ်ဖက်တိုက်ပွဲ မတိုင်ခင်အထိ မြစ်ကြီးနား-ဗန်းမော် (မန်မော်) ကားလမ်းမရှိ လဂျားယန် စုပေါင်း (ဌာနပေါင်းစုံ)ဂိတ်သည် ကချင်ပြည်နယ်တွင် အကြီးဆုံး တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်ခဲ့သည်။
Source:kachinnews
No comments:
Post a Comment