သမ္မတကြီးသိစေရန်
သမ္မတကြီးက Clean Government ဟုပြောသော်လည်း ပြည်တွင်းအခွန်များဦးစီးဌာနတွင် အချင်းချင်း ငွေညှစ်တောင်းခံမှုများ ဖြစ်ပေါ်လျက်ရှိ
ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ချုပ်ကြီး ဦးမြတ်မော်၏ ဇနီးဖြစ်သူ
ဒေါ်မို့မို့ခိုင်နှင့် ညွှန်ချုပ်ကြီး၏ ညီဖြစ်သူ ဦးဆန်နီ (ခ) ဦးဝဏ္ဏ
တို့နှစ်ယောက်ပေါင်းကာ စီစဉ်ညွှန်ကြားမှုဖြင့် စစ်ဗိုလ်မှ အခွန်ဌာနသို့ဝင်ကာ ဦးစီးမှုးအဆင်သင့်ဖြစ် နေသော စစ်ဗိုလ်ဦးစီးများမှ အနယ်နယ်အရပ်ရပ်မှအရပ်သားမြို့နယ်ဦးစီးမှုးများထံသို့
လစဉ်ငွေတောင်းခံလျက်ရှိပါသည်။ တောင်းခံသောငွေမှာလဲ တစ်လ
တစ်သိန်းအနည်းဆုံးဖြစ်ပါသည်။ ငွေတောင်းခံသောအကြောင်းအရင်းမှာ လည်း နေပြည်တော်တွင် ၄င်းညွှန်ချုပ်၏အိမ်ဆောက်လုပ်နေေ သာကြောင့် အလုပ်သမားများအားနေ့စားရှင်းရန် အတွက်ဖြစ်ပါသည်။ လစဉ်တောင်းခံနေသောကြောင့် မပေးနိုင်သေးပါဘူးဟုပြောပြန်လျှ င်လဲ
၎င်းစစ်ဗိုလ်ဦးစီးများမှ ညွှန်ချုပ်ကြီးကတော်က ဘယ်ကိုပြောင်းလိုက်မှာ
ခင်ဗျားဒုက္ခရောက်သွားမယ်ဟု ခြိမ်းခြောက်ကာ တောင်းခံနေပါသည်။
အခွန်မှူးများမှာ တစ်လ တစ်သိန်းဝန်းကျင်သာလခရပါသည်။
ယခုလိုတောင်းခံနေခြင်းမှာ ပြည်သူများထံမှ လာဘ်စားခိုင်းနေသည်နှင့်အတူတူဟု မြင်မိပါသည်။ အရပ်သားအခွန်ဦးစီးများမှာ ဌာနအကြီးအကဲ၏ဇနီးလဲဖြစ်ပြန် အပြောင်းခံရမည်လဲစိုးသောကြောင့် မည်သူမှမပြောရဲပါ။
တစ်လတစ်လ တစ်သိန်းပို့ရန်အတွက် ရှာကြံကာပေးနေရပါသည်။
စစ်ဗိုလ်ဦးစီးများမှာ ညွှန်ချုပ်ကြီး၏ကတော်ထံသို့
ပြည်သူများထံမှစားထားသောငွေများ ကို တစ်ခေါက်လျှင် ဆာလာအိတ်နှင့်ပင် ကန်တော့နိုင်ပါသည်။ စစ်တပ်မှလူအချင်းချင်းဖြစ်သေြာေ ကာင့် ဤသို့စစ်ဗိုလ်ဦးစီးများလာဘ်စား နေသည်ကိုအရေးယူခြင်းမရှိခဲ့ပါ။ အရပ်သားအခွန်ဦးစီးများလာဘ်စားမှုတွေ့ရှိပါက ချက်ချင်းအလုပ်ပြောင်းရွေ့ရာထူး ချပစ်ခြင်း စသောအရေးယူမှုများကိုပြင်းပြင်းထ န်ထန်ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ လစဉ်လတိုင်းငွေတောင်းခံနေသည်ကို သမ္မတကြီးသိရှိအရေးယူပေးပါရန်မေတ္တာရပ်ခံပါသည်။
Source:FB
Source:FB
No comments:
Post a Comment