မူလစာမျက်နှာ

Tuesday, 8 May 2012

ကချင်စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီထောက်ပံ့ရေး ဂီတအလှူခရီးစဉ်











ကချင်စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီထောက်ပံ့ရေး ဂီတအလှူခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မန္တလေးမြို့ရှိ လက်ဘက်ရည်ဆိုင်များတွင် မေလ ၈ရက်နေ့ မနက်ပိုင်းက ဂီတဖြင့် လှည့်လည်အလှူခံကြကြောင်းသိရသည်။ အဆိုပါ မန္တလေးဂီတအလှူခရီးစဉ်တွင် ရန်ကုန်မြို့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်မှ ဂီတပညာရှင် ကိုရဲလွင်နှင့် ကိုတိုးလွင် (ဥတ္တရအလင်း)တို့နှင့်အတူ စိမ်းရောင်စို Activities မှ ညီအစ်ကိုများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ မန္တလေးမြို့ရှိ မဟာအောင်မြေကျောက်မျက်ကျောက်စိမ်းဝိုင်းအပါအ၀င် လက်ဘက်ရည်ဆိုင် (၃)ဆိုင်တို့ကို လှည့်လည်ဖျော်ဖြေအလှူခံခဲ့ရာ ယနေ့ နေ့ လည် ၂ နာရီခန့် အချိန်ထိငွေကျပ် ၂၁၇၈၀၀၀ ကျော်ရရှိခဲ့ပါသည်။ အဆိုပါရရှိငွေများနှင့် ရန်ကုန်မြို့မှ အလှူခံရရှိငွေ ၉သိန်းကျော်တို့ကို ကိုရဲလွင်နှင့် ကိုတိုးလွင် (ဥတ္တရအလင်း) တို့က ကချင်စစ်ဘေးဒဏ်သင့်ပြည်သူများကူညီထောက်ပံ့ရေးအတွက် စိမ်းရောင်စို Activities မှတဆင့် လှူဒါန်းခဲ့ကြောင်း CJ Myanmar မှ သတင်းရရှိပါသည်။
Source:FB

No comments:

နေ့မှာ