Thursday, 10 May 2012
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
နှစ်ပေါင်း ၆၀ ကျော် ကြာအောင် ဖြေရှင်းမရဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုင်ငံတော် သမ္မတကြီး ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီအပြင် နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက ပြောကြားသည်။
အဆိုပါ လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။Source:FB
Subscribe to:
Post Comments (Atom)




No comments:
Post a Comment