မူလစာမျက်နှာ

Sunday, 1 April 2012

သမ္မတ၏ PhD စာတမ်း ခိုးကူးချခဲ့ခြင်း မရှိကြောင်း သက်သေပြရ

ဝန်ကြီးချုပ်ဗစ်တာအော်ဘန်၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သူ ဟန်ဂေရီသမ္မတသည် ပါရဂူဘွဲ့စာတမ်းအတွက် အပုံလိုက် ခိုးယူကူးချမှု ရှိခဲ့သည်ဟူသော စွပ်စွဲချက်များကို ရှင်းလင်းခဲ့သည်။ ဝေဖန်မှုများနှင့် ဆန္ဒပြပွဲငယ်တို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။
ဆမ်မဲဝေ့စ်တက္ကသိုလ် စုံစမ်းရေးကော်မီတီက သမ္မတ Pal Schmitt ပါလ်ရှမစ်၏ ၁၉၉၂ ခုနှစ်က သီးဆစ်စာတမ်းထဲတွင် - ဘာသာပြန်ထားသောပမာဏ အလွန်များပြားခဲ့ကြောင်း - သို့ရာတွင် ၄င်းအချိန်က သူတက်ရောက်ခဲ့သည့် တက္ကသိုလ်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း အကြောင်းပြန်ကြားခဲ့သည်။
တက္ကသိုလ်အပေါ်တွင် အပြစ်တင်စရာသာရှိပြီး သီးဆစ်ကို ပြန်လှန်စစ်ဆေးခဲ့သည့် ခုံသမာဓိ ဂျူရီလူကြီးမင်းများအနေနှင့် ယင်းအချိန်က သိမြင်ခဲ့သင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဘူဒါပတ်ပါလီမန်ရှေ့တွင် ဆန္ဒပြသူ ၂၅၀ ခန့် စုရုံးခဲ့ကြသည်။ သမ္မတ ရှမစ်ကို နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြပြီး ဟန်ဂေရီမှာ ၂၀၁၀ ခုနှစ်တွင် အော်ဘန်အာဏာရလာကတည်းက အကျိုးအပြစ်မခံစားရသော တိုင်းပြည်ဖြစ်လာနေကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့သည်။
သမ္မတ အော်ဘန်မှာ ပြည်တွင်းပြည်ပ၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည်။ သူ၏ သမ္မတအာဏာ အလွန်အကျွံရယူထားမှု၊ တရားစီရင်ရေး၊ မီဒီယာနှင့် ဗဟိုဘဏ်တို့ကို သူ၏ လက်အောက်တွင် ထိန်းချုပ်ထားရှိမှုတို့အပေါ် ကန့်ကွက်မှုရှိနေသည်။
အီအော့ဗို့စ်လိုရန်တက္ကသိုလ်မှ လူမှုဗေဒပါမောက္ခဖြစ်သူ အဂ္ဂနီးရန်ယီက ရှမစ်၏ တက္ကသိုလ်ကိုသာ အပြစ်တင်ပြီး သမ္မတကို အပြစ်တင်ခြင်းမှာ - ရယ်မောဖွယ်ရာ ပြက်လုံးတစ်ခု- ဖြစ်သည်ဟု ပြောခဲ့သည်။
၁၉၈၀ ခုနှစ်များက ဘူဂေးရီးယား အားကစားပညာရှင်နှင့် သံတမန်ဖြစ်သူ နီကိုလိုင် ဂျော်ဂီ၏ ပြင်သစ်ဘာသာစာတမ်းကို တလုံးမကျန် ဘာသာပြန်ဆိုထားပြီး ရှမစ်၏ သီးဆစ်စာတမ်းတွင် အပုံလိုက် ထည့်သွင်းခဲ့ကြောင်း Weekly HVG အစီရင်ခံစာက ဆိုပါသည်။
စာမျက်နှာ ၂၁၅ မျက်နှာရှိသော သီးဆစ်စာတမ်းထဲမှ ၁၈၀ ကျော်မှာ သံသယဖြစ်ဖွယ်ရာရှိသည်ဟု HVG စစ်ဆေးချက် ဆိုပါသည်။
Source:maukkha

No comments:

နေ့မှာ