Friday, April 20, 2012 at 12:51pm ·
ကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ရမည့် စနစ်ကို ညီလာခံက သတ်မှတ်ပေးရမည်။ ဗဟိုဦးစီးအဖွဲ့က ဗဟိုအမှုဆောင်အဖွဲ့ဝင်များကို ဗဟိုဦးစီးအဖွဲ့ဝင်များထဲမှ ထပ်မံ
ရွေးကောက်တင်မြှောက်ရမည်။
(က) ညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပပြီး နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာအစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရမည်။
(ခ) နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာအစည်းအဝေးသို့ တက်ရောက်ရမည့် ကိုယ်စားလှယ်ဦးရေကို ဗဟို အမှုဆောင်အဖွဲ့က သတ်မှတ်ရမည်။
(ဂ) ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်လျှင် ညီလာခံသက်တမ်းအတွင်း နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ခေါ်ယူနိုင်သည်။
၄၈။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံတွင် ပြုလုပ်သည့် ရွေးချယ်တင်မြှောက်ပွဲကို တက်ရောက်လာသော ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏
ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာ ရွေးချယ်တင်မြှောက်ခြင်းသည် အတည်ဖြစ်သည်။
၄၉။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း အရေးပေါ်ညီလာခံကို လိုအပ်လျှင် ခေါ်ယူကျင်းပနိုင်သည်။ အရေးပေါ် ညီလာခံကို နောက်ဆုံးအကြိမ်ကျင်းပခဲ့သည့်
ညီလာခံကိုယ်စားလှယ် ၃၄ ရာခိုင်နှုန်းက တောင်းဆိုလျှင်ဖြစ်စေ၊ ဗဟို အမှုဆောင်အဖွဲ့က လိုအပ်လျှင်ဖြစ်စေ ခေါ်ယူကျင်းပနိုင်သည်။
၅၀။ (က) ညီလာခံက ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့သည် ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့အထဲမှ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊
တွဲဖက်အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ရမည်။ ထိုနောက် ဗဟိုအမှုဆောင်အဖွဲ့ဝင် သတ်မှတ်ဦးရေနှင့်အညီ ရွေးချယ်ရမည်။ ယင်းသို့ ဗဟိုဦးစီးအဖွဲ့က
ရွေးချယ်တင်မြှောက်လိုက်သူများသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအမှုဆောင်အဖွဲ့၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်
ဘဏ္ဍာရေးမှူးများလည်း ဖြစ်ကြသည်။
(ခ) အကြောင်းကြောင်းကြောင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦး လစ်လပ်ပါက ဗဟိုအမှုဆောင်အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်းတက်ရောက်သောအစည်းအဝေးက
သင့်လျော်သည့် ဗဟိုဦးစီးအဖွဲ့ဝင်တစ်ဦးဦးကို အများဆန္ဒဖြင့် တာဝန်ပေးနိုင်သည်။ ထိုသို့ တာဝန်ပေးခဲ့ခြင်းကို အနီးကပ်ဆုံး နှစ်ပတ်လည်လုပ်ငန်း ဆိုင်ရာ အစည်းအဝေးသို့
တင်ပြအတည်ပြုချက်ရယူရမည်။
(ဂ) ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦးသည် မိမိတက်ရောက်ခွင့်ရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ ကို မှန်မှန် တက်ရောက်ရမည်။
(ဃ) ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦးသည် မည်သည့်ကိစ္စဖြင့်မဆို နိုင်ငံခြားသို့ တစ်နှစ်သွားရောက် နေထိုင်ပါက လက်ရှိဗဟိုအမှုဆောင်အဖွဲ့ဝင်တာဝန်မှ
အလိုအလျောက် ရပ်စဲစေရမည်။
၅၁။ ဗဟိုစာရင်းစစ်အဖွဲ့သည် ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့အထဲမှ စာရင်းစစ်မှူးကို ရွေးချယ်တင်မြှောက်ရမည်။ ရွေးချယ်တင်မြှောက်ခြင်းခံရသော
စာရင်းစစ်မှူးသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအမှုဆောင်အဖွဲ့၏ စာရင်းစစ်မှူးဖြစ်သည်။
၅၂။ (က) ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း အမှုဆောင်အဖွဲ့ဝင်တစ်ဦးသည် ဗဟိုအမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရလျှင်
ပြည်နယ်^တိုင်းဒေသကြီးအဆင့် တာဝန်များကို စွန့်လွှတ်ရမည်။
(ခ) လေးနှစ်တစ်ကြိမ် အသင်း၏ညီလာခံကို ပုံမှန်မပြုလုပ်နိုင်သောအခါ လက်ရှိဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏လုပ်ငန်းအ၀၀ကို
ဆက်လက်တာဝန်ယူရမည်။
အခန်း (၈)
တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၅၃။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးနှင့် အောင်မြင်ရေးအတွက် နိုးကြားတက်ကြွစွာ ဆောင်ရွက်ရန်။
(ခ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များ၏ အသိစိတ်ဓာတ်နှင့် အတွေးအခေါ်များ ဖွံ့ဖြိုးရေးအတွက် စည်းရုံးပညာပေးလှုံ့ဆော်ရန်။
(ဂ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များ၏ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု တိုးတက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်ရန်။
(ဃ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များ၏ ဘ၀အခြေအနေ တိုးတက်မြင့်မားရေးအတွက် စီစဉ် ဆောင်ရွက်ရန်။
(င) မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များနှင့် သက်ဆိုင်သော ပြဿနာအရပ်ရပ်ကို စည်းရုံးရေးအသွင် ဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးရန်။
၅၄။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) အသင်းဝင်များ၏ တရားသဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ၊ နစ်နာမှုများနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးခြင်း။
(ခ) အသင်းဝင်တစ်ဦးသည် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ပြဌာန်းသော စာနယ်ဇင်းကျင့်ဝတ်များကို ထိန်းသိမ်းရေးအတွက် စည်းရုံးရေးနည်းဖြင့်
ဆောင်ရွက်ခြင်း။
(ဂ) အသင်းနှင့်သက်ဆိုင်သည့် ကိစ္စများနှင့်စပ်လျဉ်း၍ ညီနောင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း။
(ဃ) သတင်းဆုများ ချီးမြှင့်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့များအား လိုအပ်သလို ကူညီဆောင်ရွက်ခြင်း။
(င) နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
၅၅။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံသည် အသင်း၏ အမြင့်ဆုံး လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။ ညီလာခံ၏ တာဝန်များမှာ
အောက်ပါအတိုင်းဖြစ်သည် -
(က) ဗဟိုအမှုဆောင်အဖွဲ့က တင်သွင်းသော အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊
အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း။
(ခ) အသင်း၏ ဗဟိုဦးစီးအဖွဲ့ကို ရွေးချယ်တင်မြှောက်ခြင်း။
(ဂ) အသင်းနှင့်ပတ်သက်သော စည်းရုံးရေး၊ လှုံ့ဆော်ပညာပေးရေး၊ သက်သာချောင်ချိရေးစသည့် ကိစ္စများကို ဆုံးဖြတ်ခြင်း။
(ဃ) အသင်း၏ ဘဏ္ဍာရေးကိစ္စရပ်များကို ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်း၊ အတည်ပြုခြင်း။
(င) အခြားလိုအပ်သော သတင်းလုပ်ငန်းကိစ္စရပ်များကို ဆုံးဖြတ်ခြင်း။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအမှုဆောင်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၅၆။ ဗဟိုအမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ကို တာဝန်ခံရမည်။ ညီလာခံ တစ်ခုနှင့်
တစ်ခုအကြား၊ ဗဟိုဦးစီးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး တစ်ခုနှင့်တစ်ခုအကြားတွင် အသင်း၏လုပ်ငန်းအားလုံး ညီလာခံကိုယ်စား တာဝန်ယူဆောင်ရွက်ရမည်။
၅၇။ ဗဟိုအမှုဆောင်အဖွဲ့သည် လစဉ် ပုံမှန်အစည်းအဝေးများကို ကျင်းပရမည်။ လိုအပ်လျှင် အထူးအစည်းအဝေး ကို ခေါ်ယူကျင်းပနိုင်သည်။ အဆိုပါ
အစည်းအဝေးများသို့ စာရင်းစစ်အဖွဲ့ဝင်များကို တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။
၅၈။ ဗဟိုအမှုဆောင်အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူရရှိစေရန် ဗဟိုအမှုဆောင် အဖွဲ့ဝင်များအပြင် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့်
အခြားသင့်လျော်သော အသင်းဝင်များဖြင့် လုပ်ငန်းကော်မတီများ၊ အခြားကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းနိုင်သည်။
၅၉။ ဗဟိုအမှုဆောင်အဖွဲ့သည် လုပ်ငန်းကော်မတီများ၊ အခြားကော်မတီများနှင့် လုပ်ငန်းအဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်။
၆၀။ ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးအား ဗဟိုအမှုဆောင်အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်းတက်ရောက်သော ဗဟိုအမှု ဆောင်အဖွဲ့အစည်းအဝေးတွင် အများဆန္ဒအရ တာဝန်မှ
ရပ်စဲနိုင်သည်။ ထိုသို့ တာဝန်မှရပ်စဲခဲ့ခြင်းကို အနီးကပ်ဆုံး ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ တင်ပြ အတည်ပြုချက်ရယူရမည်။
၆၁။ ဗဟိုအမှုဆောင်အဖွဲ့သည် စည်းကမ်းအရ အရေးယူရန် ကိစ္စများကို ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရမည်။
၆၂။ ဗဟိုအမှုဆောင်အဖွဲ့သည် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း ရွေးချယ်တင်မြှောက်ခြင်း မပြုနိုင်သော နေရာများတွင် ပြည်နယ်^တိုင်းဒေသကြီး
သတင်းစာဆရာအသင်း စည်းရုံးရေး ကော်မတီကို ဖွဲ့စည်းနိုင်သည်။ လိုအပ်ပါက ဖွဲ့စည်းပုံအခြခံစည်းမျဉ်းနှင့် မညီညွတ်သော ပြည်နယ်^တိုင်းဒေသကြီး
သတင်းစာဆရာအသင်း သို့မဟုတ် စည်းရုံးရေး ကော်မတီကို ဖျက်သိမ်းခြင်း၊ အစားထိုးဖွဲ့စည်းခြင်းတို့ကို ပြုလုပ်နိုင်သည်။ ယင်းဆောင်ရွက်ချက်ကို အနီးကပ်ဆုံး
လုပ်ငန်းဆိုင်ရာနှစ်ပတ်လည်အစည်းအဝေး သို့မဟုတ် ဗဟို ဦးစီးအဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။
၆၃။ ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းကို ရေးဆွဲ၍ ဗဟိုအမှုဆောင်အဖွဲ့အစည်း အဝေးသို့ တင်ပြ အတည်ပြုချက်ရယူရမည်။
ဆောင်ရွက်ချက်များကို အနီးကပ်ဆုံး လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး သို့မဟုတ် ဗဟိုဦးစီးအဖွဲ့ အစည်းအေဝေးသို့ တင်ပြရမည်။
၆၄။ ဗဟိုအမှုဆောင်အဖွဲ့သည် လိုအပ်သော ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်နိုင်သည်။
၆၅။ ဗဟိုအမှုဆောင်အဖွဲ့သည် ပြည်နယ်^တိုင်းဒေသကြီးအသင်းများက တင်ပြလာသော အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ အသင်းများ၏ လုပ်ငန်းများကို
ဦးဆောင်လမ်းလွှန်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း များ ပြုလုပ်ရမည်။
စာရင်းစစ်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၆၆။ စာရင်းစစ်အဖွဲ့သည် စာရင်းစစ်ဆေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ကို တာဝန်ခံရမည်။
၆၇။ စာရင်းစစ်အဖွဲ့သည် ဗဟိုအမှုဆောင်အဖွဲ့အစည်းအဝေးသို့ မိမိ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အစီရင်ခံစာ တင်ပြရမည်။
၆၈။ စာရင်းစစ်အဖွဲ့သည် အသင်း၏ ရငွေ-သုံးငွေများအား ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းတို့ကို ဘဏ္ဍာရေးစည်းမျဉ်း နှင့်အညီ မှန်ကန်မှုရှိအောင် စနစ်တကျ စစ်ဆေးရမည်။
၆၉။ စာရင်းစစ်အဖွဲ့သည် စစ်ဆေးတွေ့ရှိချက်များကို ဗဟိုအမှုဆောင်အဖွဲ့အား အသိပေးတင်ပြခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ရမည်။
၇၀။ စာရင်းစစ်အဖွဲ့သည် လစဉ်အစည်းအဝေးကို ပုံမှန်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်သည်။ ထို့အပြင် ဗဟိုအမှုဆောင်အဖွဲ့က
ဖိတ်ကြားသည့် အစည်းအဝေးများသို့ တက်ရောက်ရမည်။
၇၁။ စာရင်းစစ်အဖွဲ့သည် စာရင်းစစ်အဖွဲ့ဝင်တစ်ဦးအား အရေးယူရန် လိုအပ်ပါက ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြရမည်။
ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၇၂။ ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့သည် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းကို တာဝန်ခံရမည်။
၇၃။ ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ (သို့မဟုတ်) ပြည်နယ်^တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ
အောက်ပါအတိုင်းဖြစ်သည် -
(က) ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းသည် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင်
ဆောင်ရွက်ရမည်။ ထိုသို့ အောင်မြင်အောင် ဆောင်ရွက်ရေးအတွက် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းတွင် တာဝန်ရှိသည်။
(ခ) ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းသည် ညီလာခံက ချမှတ်ထားသည့် လုပ်ငန်းစဉ်များ၊ ဗဟိုအမှုဆောင်အဖွဲ့က ချမှတ်ပေးထားသော
လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။
(ဂ) မျက်နှာစုံညီအစည်းအဝေးနှင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးကို သတ်မှတ်ချက်နှင့်အညီ ကျင်းပရမည်။
(ဃ) မျက်နှာစုံညီအစည်းအဝေးနှင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးတွင် မိမိလုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့် စပ်လျဉ်းသည့် အစီရင်ခံစာ၊ ဘဏ္ဍာရေး
အခြေအနေနှင့် ရှင်းတမ်းများကို တင်သွင်းရမည်။
(င) ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ဝင်များ (သို့မဟုတ်) စည်းရုံးရေး ကော်မတီဝင်များနှင့် အသင်းဝင်များပါဝင်သော
အထောက်အကူပြုလုပ်ငန်းကော်မတီများကို လိုအပ်ပါက ဖွဲ့စည်းနိုင်သည်။
(စ) လစဉ်အစည်းအဝေးကို ပုံမှန်ကျင်းပရမည်။ လိုအပ်လျှင် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။
(ဆ) ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ အစည်းအဝေးသို့ ညီလာခံ ကိုယ်စားလှယ်များကို တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။
(ဇ) ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ (သို့မဟုတ်) စည်းရုံးရေး ကော်မတီသည် အသင်းဝင်တစ်ဦးဦးကို စည်းကမ်းအရ အရေးယူရန်
လိုအပ်လျှင် အထောက်အထား ခိုင်လုံစွာဖြင့် ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြရမည်။
(ဈ) ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့သည် အသင်းဝင်များထံမှ နှစ်စဉ်ကြေးများ အပြည့်အ၀ရရှိရေးအတွက် ဆောင်ရွက်ရန်
တာဝန်ရှိသည်။
အခန်း (၉)
ချီးမြှောက်ခြင်း
၇၄။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟိုအမှုဆောင်အဖွဲ့သည် မြန်မာ့လူ့အဖွဲ့အစည်းနှင့် အသင်း၏ အကျိုးစီးပွား အတွက် ထူးချွန်စွာ တာဝန်ထမ်းဆောင်သော
ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းကိုလည်းကောင်း၊ အသင်းဝင်များကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းတင်၍ လိုအပ်သလို ချီးမြှောက်နိုင်သည်။
အခန်း (၁၀)
အရေးယူခြင်း၊ အပြစ်ပေးခြင်းနှင့် အယူခံခြင်း
၇၅။ (က) မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်တစ်ဦးသည် အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ အချက် များကို ဖောက်ဖျက် ကျူးလွန်ပါက အသင်း၏
စည်းကမ်းအရ အရေးယူအပြစ်ပေးခြင်းခံရမည်။
(ခ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်တစ်ဦးသည် အောက်ဖော်ပြပါ ကိစ္စတစ်ရပ်ရပ်ကို ကျူးလွန်ပါက မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏
တည်ဆဲဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ အရေးယူအပြစ်ပေးခြင်း ခံရမည် -
(၁) မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ပြုမူ၊ ပြောဆို ရေးသားဖြန့်ချိခြင်း။
(၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ပြုမူ၊ ပြောဆို ရေးသားဖြန့်ချိခြင်း။
၇၆။ အသင်း၏ စည်းကမ်းများအရ အရေးယူအပြစ်ပေးသည့်အခါ အောက်ပါမူများပေါ်တွင် အခြေခံရမည် -
(က) တာဝန်နှင့်အဆင့်အတန်းမခွဲခြားဘဲ အသင်း၏ စည်းကမ်းများနှင့်အညီ အရေးယူအပြစ်ပေးခြင်း။
(ခ) အသင်းဝင်တစ်ဦးအား အရေးယူအပြစ်ပေးခြင်းသည် အသင်းဝင်အနေဖြင့် နောင်အပြစ်ထပ်မံကျူးလွန် ခြင်းမရှိစေရန် ပညာပေး ပြုပြင်သည့်သဘောဖြစ်ခြင်း။
(ဂ) မြန်မာ့လူ့အဖွဲ့အစည်း၏အကျိုး၊ အသင်းဝင်ထု၏အကျိုးနှင့် အသင်း၏ အကျိုးတို့ကို မထိခိုက်စေရန် ကာကွယ်ခြင်း
၇၇။ ဗဟိုအမှုဆောင်အဖွဲ့သည် အရေးယူခြင်း၊ အပြစ်ပေးခြင်း၊ အယူခံခြင်းတို့နှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဌာန်းရမည်။
၇၈။ အသင်းဝင်တစ်ဦးဦးသည် မိမိအပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်ကို မကျေနပ်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံသတင်းစာဆရာအသင်း
ဗဟိုအမှုဆောင်အဖွဲ့သို့ အယူခံနိုင်သည်။ ဗဟိုအမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တင်ပြ၍ အယူခံခွင့်ရှိသည်။
အခန်း (၁၁)
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ခြင်း
၇၉။ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန် လိုအပ်သည့်အခါ အသင်း၏ ညီလာခံက ပြင်ဆင်နိုင်သည်။
၈၀။ ပြည်နယ်/တိုင်းဒေသကြီး သတင်းစာဆရာအသင်းသည် ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပြဌာန်းထားချက် များအား ပြင်ဆင်လိုပါက အသင်းညီလာခံ
ကျင်းပခြင်းမပြုမီ ရက်ပေါင်း ၉၀ ကြိုတင်၍ ဗဟိုအမှုဆောင်အဖွဲ့သို့ ပေးပို့ရမည်။
၈၁။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -
(က) ပြင်ဆင်ချက်ကို ဗဟိုအမှုဆောင်အဖွဲ့က ရေးသားပြုစုပြီး အသင်းညီလာခံမတိုင်မီက ရက်ပေါင်း ၃၀ ကြိုတင်၍ ပြည်နယ်^တိုင်းဒေသကြီး
သတင်းစာဆရာများအသင်းများသို့ အဆိုပြုထားပြီး ဖြစ်ရမည်။
(ခ) အသင်းညီလာခံသို့ တက်ရောက်ခွင့်ရှိ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ကိုယ်စားလှယ်ဦးရေ အနည်းဆုံး ၆၀ ရာခိုင်နှုန်း တက်ရောက်သည့် ညီလာခံကသာ
ပြင်ဆင်ချက်ကို စဉ်းစားဆွေးနွေး အတည်ပြုနိုင်သည်။
(ဂ) အဆိုပါ ညီလာခံသို့ တက်ရောက်ခွင့်ရှိ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏ အများစု ထောက်ခံသော ပြင်ဆင်ချက်သည် အတည်ဖြစ်ရမည်။
အခန်း (၁၂)
ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များပြဌာန်းခြင်း
၈၂။ ဗဟိုအမှုဆောင်အဖွဲ့သည် ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များကို ပြဌာန်းရမည်။
၈၃။ ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းကို ပြဌာန်းရမည်။
အခန်း(၁၃)
အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးနှင့် အသင်း၏ ရန်ပုံငွေ
၈၄။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းသည် မိမိအသင်းရန်ပုံငွေဖြင့် ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ရမည်။
၈၅။ အသင်း၏ ရန်ပုံငွေများကို အောက်ပါတို့မှ ရယူရမည် -
(က) အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး၊
(ခ) အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရရှိသော ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊
(ဂ) အသင်း၏ လုပ်ငန်းများမှ ရငွေ၊
(ဃ) ဘဏ္ဍာရေးစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ ရရှိသော အခြားငွေများ၊
၈၅။ အသင်း၏ ရန်ပုံငွေများကို အောက်ပါတို့မှ ရယူရမည် -
(က) အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး၊
(ခ) အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရရှိသော ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊
(ဂ) အသင်း၏ လုပ်ငန်းများမှ ရငွေ၊
(ဃ) ဘဏ္ဍာရေးစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ ရရှိသော အခြားငွေများ၊
(င) နိုင်ငံတော်၏ မူဝါဒများနှင့် ညီညွတ်သော ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများကို ထူထောင်လုပ်ကိုင် သည့် လုပ်ငန်းများမှ ရသောငွေများ။
၈၆။ ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏ ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲ၍ အသင်းညီလာခံ သို့ တင်ပြ အတည်ပြုချက်ရယူရမည်။
၈၇။ ပြည်နယ်^တိုင်းဒေသကြီး အမှုဆောင်အဖွဲ့သည် အသင်း၏ ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲ၍ လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသို့
တင်ပြ အတည်ပြုချက်ရယူရမည်။
အခန်း (၁၄)
အထွေထွေ
၈၈။ ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ စကားရပ်တစ်ခုသော်လည်းကောင်း၊ စကားရပ်များကိုသော်လည်းကောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် မရှင်းလင်းပါက
ဗဟိုအမှုဆောင်အဖွဲ့က အဆုံးအဖြတ်ပေးပြီး အနီးကပ်ဆုံးညီလာခံ သို့မဟုတ် ဗဟိုဦးစီးအဖွဲ့အစည်းဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။
၈၉။ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်းတို့သည် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၏
မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည်ဟု မှတ်ယူရမည်။ အခြေအနေအရ လိုအပ်ပါက မိတ်ဖက်အဖွဲ့အစည်း များ တိုးချဲ့သတ်မှတ်နိုင်သည်။
Source:FB
No comments:
Post a Comment