"ကျွန်တော်တို့ အနေနဲ့ကတော့ ဒါ တိုင်းပြည်အတွက် ကောင်းတဲ့ ခြေလှမ်း လို့
မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ညှိနှိုင်းမှုရဲ့ ရလာဒ် ပဲလေ။ ဒါ တဖက်နဲ့
တဖက် အာဃာတမရှိဘဲနဲ့ ဒါလိုက်တဲ့ ရလာဒ်ပဲ။ ကျွန်တော်တို့ အနေနဲ့
ပြောရမယ်ဆိုရင်တော့ နောက်လည်းပဲ ဒီလို ညှိနှိုင်းမှုနဲ့
ပြဿနာတွေ အားလုံးက ပြေလည်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။
ကောင်းတယ်ဆိုတဲ့ ဘက်ကိုပဲ ကျွန်တော် မြင်ပါတယ်။"
လွှတ်တော်အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအပေါ် အမြင်ကို မေးကြည့်တော့ -
"ဒီအနေအထားတွေနဲ့ ဘယ်လွယ်ကူမလဲ။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံ ဥပဒေက၊ တပ်ကလည်း ၂၅% ရှိတာကိုး။ နောက် အစိုးရကလည်း ရှင်းရှင်းပြောရင်တော့ USDA အစိုးရ ဖြစ်နေတာကိုး။ အဲဒီတော့ နောင်ရွေးကောက်ပွဲတွေမှာတော့ ရလိုရညားပေါ့ဗျာ။
နောက်ပြီးတော့ ဒါကလည်း အားလုံးဝိုင်းဝန်း ကြိုးစားရမှာပေါ့။ တိုင်းရင်းသားတွေလည်း အပါအ၀င်ပေါ့။ ရွေးကောက်ပွဲ လုပ်ပြီးတော့ constitution တခုကို ပြင်တယ်ဆိုတာ မဆန်းပါဘူး။ ကနေ့ ပြင်ထားတာတွေလည်း ရှိတာပဲလေ။
အဲဒီတော့ တဖြေးဖြေးနဲ့ ပြင်ရင်းပြင်ရင်းနဲ့ ကောင်းတဲ့ အခြေခံဥပဒေက ရလာတာပဲဗျာ၊ များသောအားဖြင့်က။ အမေရိကားတို့၊ ပြင်သစ်တို့၊ ကနေဒါတို့လည်း အဲလိုပဲ ရှိခဲ့တာပဲ။ ရတယ် မရဘူး ဆိုတာကတော့ သက်ဆိုင်ရာ ပတ်သက်တဲ့ လူတွေအားလုံးရဲ့ ဆန္ဒ သဘောထားပါပဲ။"

Source:FB
No comments:
Post a Comment