2012-04-26
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေက စာရေးသား တောင်းဆိုလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ပုဒ်မ (၆) ပါ စောင့်ထိန်း လိုက်နာရမယ့် ၀န်ခံချက်မှာလည်း အဲဒီစကားရပ်ကို ပြင်ဆင်ခဲ့ပြီး ဖြစ်တဲ့အတွက် အခု ကတိသစ္စာပြုလွှာမှာပါ အဲဒီ စကားရပ်ကို တပြေးညီ ပြင်ဆင်ပေးဖို့ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ ဧပြီလ ၂၅ ရက် နေ့စွဲနဲ့ ပေးပို့တဲ့ လွှတ်တော်အမတ်တွေရဲ့ စာထဲမှာ ရေးသားထားပါတယ်။
Source:rfa
No comments:
Post a Comment