မူလစာမျက်နှာ

Friday, 6 April 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်



Saturday, 07 April 2012 01:36

KNU-Union
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့သည် ပထမအကြိမ် အဖြစ်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန် မြို့ရှိSedona Hotel ၌ဧပြီလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ စုစုပေါင်းအဖွဲ့ဝင် ၁၉ ဦးတက် ရောက်ခဲ့ကြောင်း၊ ကရင်အမျိုးသား အစည်းအရုံး(KNU) မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ကာကိုယ်စားလှယ် ၁၄ ဦး တက်ရောက်ခဲ့ကြောင်းနှင့်  နှစ်ဘက် တွေ့ဆုံဆွေးနွေးရာတွင် အချက် ၆ ချက်ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအဓိကထား ဆွေးနွေးခဲ့သည့် အချက် ၆ ချက်မှာ တစ်ပြည်လုံး အတိုင်းအတာအားဖြင့် အပစ်အခတ် ရပ်စဲရမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအား ရပ်စဲပေးရန်၊  ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘ၀ရပ်တည်နိုင်ရေး အာမခံရန်၊ ပြည်သူပြည်သားများ အတွင်း ယုံကြည်ရရှိသည့်အခြေ အနေတည်ဆောက်ရန်၊ အတင်း အဓမ္မလုပ်အားပေးခိုင်းစေခြင်း ပုံစံအမျိုးစုံဖြင့် ငွေကြေး ကောက်ခံခြင်း ပေးကမ်းလှူဒါန်းခိုင်းခြင်းနှင့် အခြားသောနည်းလမ်းဖြင့် ငွေကြေး ကူညီစေခြင်းများ မပြုလုပ်ရန်၊ အကျဉ်းသားများလွှတ်ပေးရန် ပြည်သူပြည်သားများအား ဘ၀ပြန် လည်ထူထောင်ရေးနှင့် ပြည်သူပြည်သားများ၏ မြေယာကိစ္စများအား ဖြေရှင်းပေးရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် စောင့်ကြည့်စစ်ဆေးခြင်း စီစစ်အတည်ပြုခြင်းနှင့် တည့်မတ် မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်တို့ပါရှိကြောင်း သိရသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍သဘောတူဆုံးဖြတ်ချက် ၁၃ ချက်ချမှတ်ခဲ့ကာ အစည်းအဝေး မှတ်တမ်းအဖြစ်သာ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အဆိုပါအချက် ၁၃ ချက်မှာ တစ်ပြည်လုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲရေး ဖြစ်ပေါ်လာရန် အတွက် အဆင့်ဆင့်တိုးတက် အကောင် အထည်ဖော်လုပ် ဆောင်သွားခြင်း (Progressive Realiation) မူသဘောထားကို သဘောတူလက်ခံကြောင်း၊ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရန်အတွက် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာကျင့် ၀တ်စည်းကမ်းများ ( Code of conduct) ကိုပေါင်းစပ်ညှိနှိုင်းချမှတ်ပြီး အကောင်အထည်ဖော်လုပ် ဆောင်သွားမည်ဟု သဘောတူလက် ခံကြောင်း၊ ပြည်တွင်းဌာနေမဲ့ ပြည်သူလူထုများ ( IDPs ) နေရပ်ဒေသ သို့ပြန်လည် အခြေချနေထိုင်ရန် အတွက် လိုအပ်သည့်အစီစဉ်များကို ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင်လိုအပ်သည့်  ဘ၀လုံခြုံမှု (life security) စားနပ် ရိက္ခာလုံခြုံမှု (food security) အ သက်မွေးဝမ်းကြောင်း လုံခြုံမှု  (Livelihood Security ) အစီအစဉ်များ (Programs) ကိုချမှတ်ဆောင် ရွက်ရမည်ဖြစ်ကာ ဆောင်ရွက်သည့်နေရာတွင်လည်း အားလုံးပါဝင် နိုင်သည့်(Inclusive Partipation)  နှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု  (Transparency and Accountablity) ရှိရှိလုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံကြောင်း၊ ရေတို လတ်တလောဖြေရှင်းရန် ကိစ္စများကို အကောင်အထည်ဖော် လုပ်ဆောင်သွားရမည်ဖြစ်ပြီး ရေရှည်အတွက်မိုင်း ရှင်းလင်းရေး (Demining) ပြည်တွင်းဌာနေမဲ့များနှင့် ဒုက္ခသည်များ ကိုစနစ်တကျပြန်လည် နေရာချထားရေး (IDPS/refugees systematic return and resettlement) နိုင်ငံသား ဖြစ်ရေး(citizenship) တရားဥပဒေ စိုးမိုးရေး (rule of law) နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေး (sustainale development) ဆက်လက်လုပ်ဆောင်သွားရန် လိုအပ် သည် ဟုသဘောတူဆုံးဖြတ်ကြောင်း၊ ပြည်သူပြည်သားများအတွင်း ယုံကြည် မှုရသည့် အခြေအနေတည်ဆောက် ရန်ငြိမ်းချမ်းရေး ကိစ္စဆိုင်ရာလုပ်ငန်းများကို မြန်မာအစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး(KNU)ဗဟို ကိုပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ခရိုင် မြို့နယ် ကျေးရွာ အုပ်စုအဆင့်ဆင့်များတွင်လည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့ပြီး ပူးပေါင်းလုပ် ဆောင်သွားမည်ဟု သဘောတူ လက်ခံကြောင်း၊ အလုပ်သမားဥပဒေအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ပြင်ဆင်ဖြည့်စွက်ရမည့် အချက်များကို ပြင်ဆင်ဖြည့် စွက်ရေးပြီးပါက ဆက်လက်အတည်ပြုပြီး ယင်းဥပဒေကို နှစ်ဦး နှစ်ဖက်ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု သဘောတူ လက်ခံကြောင်း၊ NGOs ၏အခန်း ကဏ္ဍအထူးသဖြင့်  Local NGOs များ၏ ပူးပေါင်းပါဝင်မှု အားကောင်း အောင်လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံကြောင်း၊ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းနှင့် သက်ဆိုင်သော အကျဉ်းသားများကို လွှတ်ပေးရန်အတွက် စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ နိုင်ငံတော်သမ္မတမှ ထည့်သွင်းစဉ်း စားသွားရန် သဘောတူလက်ခံကြောင်း၊ သက်ဆိုင်ရာမြေယာဥပဒေ ရေးဆွဲခြင်း မပြီးသေးသည့်ကာလတွင် မြေယာပြဿနာများကို ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြ ပြီး ဖြေရှင်းရန် သဘောတူလက်ခံကြောင်း၊ တိုင်းရင်းသားအဖွဲ့အ စည်းများ၊ KNUမှချမှတ်ထားသည့် မြေယာဂရန်များကို အသိအမှတ်ပြုပြီး ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သည့် မြေယာများနှင့် ဌာနေမဲ့ IDPs ၏ မြေယာကိစ္စများကိုလည်း ညှိနှိုင်း ဖြေရှင်းသွားမည်ဟု သဘောတူ လက်ခံကြောင်း၊ လူထုများအတွက် မြေယာကိစ္စကို မျှမျှတတဖြစ်ရန် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့မှ ညှိနှိုင်း၍ အကောင်းဆုံးနည်းလမ်းကို ရှာပြီး ဖြေရှင်းသွားမည်ဟု သဘောတူလက်ခံကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ် မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်သဘောတူလက်ခံပြီး စောင့်ကြပ်စစ်ဆေးခြင်း (Monitoring)ကို အဆင့်သုံးဆင့် ထားရှိရန်နှင့် အဆိုပါ အဆင့်သုံး ဆင့်မှာ နှစ်ဦးနှစ်ဖက် လက်ခံသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီးစောင့် ကြပ်စစ်ဆေးခြင်း (Local monitoring) အခြေအနေတိုး တက်ကောင်း မွန်လာသည့်အခါ နိုင်ငံတကာစောင့် ကြပ်ကြည့်ရှုရေး (International Monitoring) နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ပျက်စီးရန် အလားအလာမ ရှိတော့သည့်အခါ ပွင့်လင်းသော စောင့်ကြပ်ကြည့်ရှုရေး (Open Monitoring) တို့ဖြစ်ပြီး ၎င်းအဆင့် များကို အဆင့်ဆင့်လုပ်ဆောင်သွား မည်ဟု သဘောတူလက်ခံကြောင်း၊ နှစ်ဦးနှစ်ဖက် လက်ခံသည့် Local Mnitoring အတွက် နှစ်ဦးနှစ်ဖက် သဘောတူသည့် နာမည်စာရင်းကို မေလ နောက်ဆုံးပတ်တွင် ပေးပြီး နောက် ထပ်အစည်းအဝေးတစ် ခုတွင် ဆွေးနွေးအတည်ပြုရန် သဘောတူ လက်ခံကြောင်းနှင့် မှတ်ချက်အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ ဦးဆောင်ပါဝင်မှုကိုထည့်သွင်း သွားမည်ဖြစ်ကြောင်း စသည့် အချက်များဖြစ်ကြောင်း သိရသည်။
Source:FB

No comments:

နေ့မှာ