ဘားအံ၊ ဧပြီ ၄ ( 4 : 08 )
Source:FB
ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့  ဇွဲကပင် ဟိုတယ် ပဒုံမ္မာခန်းမ ၌ ယနေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်က စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် KNU တပ်ဖွဲ့များအား နေရာချထားရေး နှင့် ပတ်သတ်၍ ဦးစားပေး ဆွေးနွေးဖွယ်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရန်ကုန်၊ တောင်ငူ၊ နေပြည်တော် စသည့် နေရာများ၌ ဆက်လက် ပြုလုပ်ဖွယ် ရှိကြောင်း အဆိုပါ သတင်းထောက်က ဆက်လက် သတင်းပေးပို့သည်။
No comments:
Post a Comment