မူလစာမျက်နှာ

Monday, 16 April 2012

ကရင်နီပြည်မှာ KNPP လူထု စည်းရုံးရေးဆင်းမယ်

KNPP  အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့် ဦးဆောင်သွားမယ့် KNPP စည်ရုံးရေး အဖွဲ့ဟာ အဖွဲ့ဝင် ၃၆ ယောက် ပါဝင်ပြီး အဖွဲ့ ၃ ဖွဲ့နဲ့ အဖွဲ့ တစ်ဖွဲ့မှာ အဖွဲ့ဝင် ၁၂ ယောက်ဖြင့် ဖွဲ့ထားပါတယ်။ ပထမ အဖွဲ့မှာ လွိုင်ကော်မြို့နယ်နဲ့ ရှားတောမြို့နယ်၊ ဒုတိယ အဖွဲ့မှာ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်၊ တတိယ အဖွဲ့မှာ ဘောလခဲမြို့နယ်၊ ဖာဆောင်မြို့နယ်နဲ့ မယ်စဲမြို့နယ်တို့မှာ လူထု စည်းရုံးရေး ဆင်းသွားမှာ ဖြစ်ပါတယ်။
ဒီလူထု စည်းရုံးရေးဟာ အစိုးရနဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးမယ့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲအတွက်နဲ့ ပတ်သက်ပြီး လူထုရဲ့ အမြင်သဘောထားကို မေးမြန်းကောက်ယူတာ ဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရး
ဖော်ဆောင်နိုင်ဖို့အတွက် KNPP က အစိုးရကို တင်ပြတောင်းဆိုထားတဲ့ အချက် ၂ဝ ကို အသေးစိတ် ရှင်းပြသွားမယ်လို့ သိရပါတယ်။
KNPP နဲ့ အစိုးရတို့ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က လွိုင်ကော်မြို့မှာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေးနဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ရေး စတဲ့ အချက် ၃ ချက်ဖြင့် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Source:ktimes

No comments:

နေ့မှာ