မူလစာမျက်နှာ

Monday, 30 April 2012

အကြီးဆုံး တရုတ်နယ်စပ် ကုန်သွယ်ရေး ဂိတ်အား KIA သိမ်း

ကချင်ပြည်နယ်ရှိ အကြီးဆုံး တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ခဲ့သည့် လဂျားယန် စုပေါင်းဂိတ်အား မြန်မာအစိုးရလက်အောက်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)က ပြီးခဲ့သည့်အပတ် ကုန်ပိုင်းတွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်


ဧပြီ ၂၆ ရက် တနေ့နီးပါး အစိုးရစစ်ကြောင်းနှင့် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားပြီးနောက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိ လဂျားယန်ကျေးရွာမှ အစိုးရစစ်စခန်းအားလုံးနှင့် စုပေါင်း (ဌာနပေါင်းစုံ) ဂိတ်ကို KIA တပ်ဖွဲ့များ ၀င်ရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ရွာသားများပြောသည်။

သို့သော် ကျေးရွာအနီး ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်က KIA တပ်မှ သိမ်းယူထားသော Lung Rawk Bum ကုန်း စစ်စခန်းတွင် မြန်မာစစ်သားအခိုင်အမာ ရှိနေသေးသည်ဟု ရွာသားများက ဆိုပါသည်။

၁၉၉၄ အပစ်ခတ်ရပ်ဆိုင်းရေး မတိုင်ခင် KIO/KIA ထိန်းချုပ်သည့် လဂျားယန်ကျေးရွာသည် ယခု KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ၏ အနောက်တောင်ဘက် ၄ မိုင်ခန့် အကွာတွင်ရှိပြီး လိုင်ဇာမြို့မှတဆင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လည်ပတ်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၁ ဇွန်လ စစ်ပွဲ မတိုင်ခင် ကာလအထိ ယင်းဂိတ်သည် အကြီးဆုံးဖြစ်ခဲ့သည်။

စစ်ကြောင့် အခြား တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်ကြသည့် မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းနှင့် ဗန်းမော်-နမ့်ခမ်းလမ်း များကလည်း ပုံမှန် လည်ပတ်နိုင်ခြင်း မရှိပေ။
Source:kachinnews

No comments:

နေ့မှာ