မူလစာမျက်နှာ

Tuesday, 17 April 2012

KIA မှ (၄၃)ဦး အလင်းဝင်ရောက်

မြစ်ကြီးနား ဧပြီ ၁၇
ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အမှတ်(၃၇)ခြေလျင်တပ်ရင်းသို့ KIA တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင် (၃၀)ကျော်အဖွဲ့တစ်ဖွဲ့နဲ့ တပ်အသီးသီးမှ ထွက်ပြေးလာသူစုစုပေါင်း (၄၃)ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ ၀ိုင်းမော်မြို့က ဒေသခံတစ်ဦးက သတင်းပေးပို့ပါတယ်။ ဒီအဖွဲ့မှာ ရှမ်းလူမျိုးအများဆုံးပါဝင်ပြီး
အခြား လီဆူးမျိုးနွယ်စုနဲ့ ရ၀မ်မျိုးနွယ်တွေလဲ အနည်းအကျဉ်းပါဝင်ပါတယ်။ ရှမ်းလူမျိုးတွေ အနေနဲ့ KIA တပ်ဖွဲ့အတွင်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး အမှုထမ်းနေရပေမဲ့ KIA တို့ရဲ့ လူမျိုးရေးခွဲခြားနှိမ့်ချ ဆက်ဆံမှု၊ ပင်ပန်းဆင်းရဲမှု၊ ရိက္ခာမရရှိမှု လစာမရရှိမှုတွေကြောင့် ခုလိုမျိုးအစိုးရတပ်မှာ လက်နက်အပ်ခဲ့တာဖြစ်ပါတယ်။

KIA ငယ်သားတွေအနေနဲ့ ကချင်ပြည်နယ်ကြီးမှာ ငြိမ်းချမ်းရေးရ တော့မယ်လို့ ထင်မြင်ထားပေမဲ့ လက်တွေ့မှာ တော့ ငြိမ်းချမ်းရေးမလုပ်သေးဘဲ အချိန်ဆွဲနေတဲ့ KIA ခေါင်းဆောင်တွေကြောင့် မကျေနပ်မှုတွေ များပြားလာနေပါတယ်။ ကရင်လွတ်မြောက်ရေးအဖွဲ့ (KNU)နဲ့ အစိုးရတို့ ငြိမ်းချမ်းဆွေးနွေးတာ သိပ်မကြာသေးပေမဲ့ နှစ်ဘက်စလုံးက အပတ်ခတ်တွေရပ်စဲပြီး ငြိမ်းချမ်းရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်တာကို ကြားသိနေရပေမဲ့ ကချင်ပြည်နယ်မှာတော့ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူး။ ကချင်တပ်ဖွဲ့တွေအတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တိုးတက်မှုမရှိတဲ့အတွက် သူတို့ရဲ့ခေါင်းဆောင်ပိုင်းအပေါ်မှာ ယုံကြည်အားကိုးမှု လျော့နည်းလာနေပါတယ်။ တိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရမှုတွေ များပြားလာပြီး ရိက္ခာလုံလောက်စွာ မရရှိမှုတွေကြောင့် စစ်မတိုက်တော့ဘဲ ထွက်ပြေးလာတာ..လို့ တပ်ကြပ်ကြီး ကျော်ဆန်းက ပြောကြားခဲ့ပါတယ်။

လက်ရှိKIAတပ်ဖွဲ့အတွင်း ဖြစ်ပျက်နေတာကတော့ တိုက်ပွဲတွေဖြစ်လို့ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေအတွက်လဲ ငွေကြေးထောက်ပံ့မှု ဘာမှမပေးဘဲ ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး ပစ်ထားပါတယ်။ KIAငယ်သားတွေဟာ စစ်တိုက်ရမှာကို ကြောက်ပြီး ထွက်ပြေးသူတွေများနေပါတယ်။ ကချင်လူမျိုးတွေအတွက် ကချင်ဒေသခံတွေကြားမှာ ပုန်းအောင်းနေလို့ ဖြစ်ပေမဲ့ ရှမ်းလူမျိုးတွေအတွက်ကျတော့ လူနည်းစုဖြစ်တဲ့အတွက် ထွက်ပြေးလဲ မလွတ်နိုင်ပါဘူး။ ဒါ့အပြင် KIAခေါင်းဆောင်ကြီးတွေက စစ်ရေးအရှိန်မြှင့်တင်မယ်ဆိုပြီး အစိုးရတပ်တွေကို လိုက်လံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှု များပြားနေပါတယ်။ ဒါကြောင့် ရှမ်းလူမျိုး အများအပြားဟာ သူတို့အချင်းချင်းစုစည်းပြီး ခုလိုမျိုး အစိုးရတပ်တွေထံမှာ လူသိရှင်ကြားလက်နက်ချလိုက်တာဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုဆိုရင် ကချင်တပ်ဖွဲ့(KIA)မှာ ကျန်ရှိနေတဲ့ ရှမ်းလူမျိုးတွေလဲ အလားတူ အလင်းဝင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Source:FB

No comments:

နေ့မှာ