သတင်း - CJ 999
တေးပြုစာဆို ဦးဘသိန်း(မန္တလေး)၏ ရာပြည့်အထိမ်းအမှတ်ဂီတပွဲတော်ကို မေလ (၃)ရက်နေ့ ည(၇)မှ စတင်၍ မြို့မအသင်းတိုက်ရှေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း
သိရသည်။ အဆိုပါပွဲတွင် ဂီတစာဆိုကြီး ဦးဘသိန်း(မန္တလေး)၏ ဧည့်ခံတေး၊
ရုပ်ရှင်နောက်ခံတေး၊ သင်္ကြန်တေးနှင့် အငြိမ့်တေးသီချင်းများကို
အပိုင်း(၄)ပိုင်းခွဲ၍ တင်ဆက်မည်ဖြစ်သည်။ အဆိုတော် သန်းမြတ်စိုး၊
ရာဇာဝင်းတင့်၊ လှမြင့်ဝင်း၊ တိုနီသစ်လွင်၊ ဖိုးသောကြာ၊ စန္ဒယားမျိုးနိုင်၊
ရီရီသန့်၊ နှင်းရည်သန့်၊ စိုးစန္ဒာထွန်း၊ မြို့မပင်တိုင်အဆိုတော်များနှင့် အတူ
ဂီတပညာရှင် ကိုမြတ်မင်းတို့က ပူးပေါင်းဖျော်ဖြေမည်ဖြစ်သည်။
အငြိမ့်ခန်းအစီအစဉ်တွင် ပန်တျာ ဌေးဌေးမြင့်၊ ရွှေမန်းသူ မြင့်မြင့်သန်း
တို့နှင့်အတူ လူရွှင်တော် ပေါစိန်၊ ချစ်စရာ၊ သာလောင်၊ ချိုတူးတို့က
ကပြဖျော်ဖြေမည်ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေးတာဝန်ရှိ သူတစ်ဦးမှ CJMyanmar သို့ ပြောကြားသည်။
တေးပြုစာဆို ဦးဘသိန်း(မန္တလေး)၏ ရာပြည့်အထိမ်းအမှတ်ဂီတပွဲတော်ကု
Source:FB
No comments:
Post a Comment