မူလစာမျက်နှာ

Sunday, 29 April 2012

မန္တလေးမှ မြစ်ကြီးနားသို့ နေ့စဉ်ပြေးဆွဲနေသော အိပ်စင်ရထား တိမ်းမှောက်

ယနေ့နံနက် ၁ နာရီခန့်က မန္တလေးမှ မြစ်ကြီးနားသို့ နေ့စဉ်ပြေးဆွဲနေသော
အိပ်စင်ရထားတွဲသည် ကချင်ပြည်နယ်အတွင်းရှိ မော်ဟန်နှင့် နန့်စီးအောင်
ကျေးရွာအကြားတွင် ရထားလမ်းမိုင်းကွဲ၍ ရထားတွဲရှစ်တွဲ လမ်းချော်
တိမ်းမှောက်ခဲ့သည်။ ခရီးသည် နှစ်ဦးဒဏ်ရာရရှိကာ မိုးညှင်းဆေးရုံသို့
ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။ သေဆုံးသူမရှိဟု မိုးညှင်းခရိုင်
အာဏာပိုင်အဖွဲ့အစည်းထံမှ အတည်ပြုချက်ရရှိသည်။ ဧပြီလ ၂၈ ရက်က လည်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ အထွေအထွေ
အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ နံနက် ၁ နာရီခွဲခန့်တွင် ကေအိုင်အေလက်နက်
ကိုင်အဖွဲ့က ၀င်ရောက်စီးနင်းပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်
မြို့နယ်အုပ်ချုပ်ရေးမှူးအပါအ၀င် ၀န်ထမ်းလေးဦးသေဆုံးပြီး ၀န်ထမ်းသုံးဦး
ပျောက်ဆုံးလျှက်ရှိကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိ
သည်။
Source:FB

No comments:

နေ့မှာ