Source:FB
ကြားဖြတ်ရွေးကောက်ပွဲသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အထူးပင် စနစ်တကျ ရှိလှသည့်အတွက် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများအား ဝမ်းမြောက်စွာ ဂုဏ်ယူပါကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဧပြီလ ၂ ရက်နေ့က ကြေညာသည်။ အခု ကြားဖြတ် ရွေး ကောက်ပွဲမှာ လွတ်လပ်စွာပူးပေါင်းပါဝင်ခဲ့ကြတဲ့ NLD အပါအဝင် နိုင်ငံရေး ပါတီအမျိုးမျိုးက ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အတွက် သိသာထင်ရှားတဲ့ တက်လှမ်းမှု တစ်ရပ်လည်းဖြစ်တယ်လို့ ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်း ကပြောပါတယ်”ဟု သူ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ‘အထူးသဖြင့် ဒီလိုတိုးတက်မှု မျိုးပေါ်ပေါက်လာအောင် ဆောင်ရွက်ရဲပြီး အမြင်လည်းရှိတဲ့ သမ္မတဦးသိန်းစိန်ကိုလည်း အသိအမှတ်ပြု ကြောင်း သူကပြောပါသေးတယ်” ဟု ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ်က ပြော ပါသေးသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ပြီး စီးစေရန် ဆောင် ရွက်ခဲ့ကြသော မြန်မာနိုင်ငံ အစိုးရ၊ နိုင်ငံရေးပါတီ များနှင့် ပြည်သူ အပေါင်း တို့၏ အပြုသဘောဆောင်သော လုပ်ရပ်များ ကိုလည်း မှတ်တမ်း တင်ကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှု အရှည် တည်တံ့စေရေးနှင့် စစ်မှန်သော အမျိုးသားစည်းလုံး ညီညွတ်မှုရရှိစေရေး အတွက်လည်း အားလုံးက ယခုထက် နှစ်ဆတိုးကြိုးစားကြရန် တိုက်တွန်း ပါကြောင်းလည်း မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။

No comments:
Post a Comment