မူလစာမျက်နှာ

Monday, 9 April 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တက်တော့မည်

parliament_smလာမည့် ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး လွှတ်တော် တက်ရောက် ရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေး ဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက ပြောပါသည်။
ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်း အလုပ်များနေကြပါတယ်ဟု ဦးညဏ်ဝင်းက ဆိုသည်။

ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့၌ ပြောဆိုခဲ့ပြီး လွှတ်တော် တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေး ကိစ္စများကို ကိုင်တွယ်မည် ဆိုသည့် ကိစ္စနှင့် ပတ်သတ်၍ အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု ဆိုထား ပါသည်။

NLD သည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့ လွှတ်တော် ၃၇ နေရာ၊ အမျိုးသား လွှတ်တော် ၄ နေရာ နှင့် NDF မှ ကူးပြောင်းလာခဲ့သည့် အမျိုးသား လွှတ်တော် အမတ် ဒေါက်တာမြတ်ညဏ်စိုးနှင့် ပေါင်းပါက လွှတ်တော် နှစ်ရပ် ပေါင်း ကိုယ်စားလှယ် ၄၂ ဦးရှိပါသည်။
Source:phophtaw

No comments:

နေ့မှာ