ယနေ့နံနက် ဆယ်နာရီခန့်က လှိုင်သာယာ၊ ၁ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ FMI အနီးရှိ အများပြည်သူသုံးစိမ်းမြကန်သာ သောက်ရေကန်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ကာ ရာအိမ်မှူး၊ဆယ်အိမ်မှူးများနှင့် ရပ်ကွက်ပြည်သူများက ကန်တွင်းရှိအမှိုက်သရိုက်များကို သန့်ရှင်းရေးလုပ်ရာတွင် ဆယ်အိမ်မှူးက ရေကန်ထဲဝယ် ကျည်ကပ် ၂၅ ကပ်နှင့် ကျည်တောင့်စုစုပေါင်း ၂၀၇ တောင့်ကို တွေ့ရှိခဲ့သည်။ ထိုကျည်များအားး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် လှိုင်သာယာရဲစခန်းမှ ရဲတပ်ဖွဲ့မှူးတို့ လာရောက်ကြည့်ရှုကြပြီး၊ လှိုင်သာယာရဲစခန်းဝယ် သိမ်းဆည်းခဲ့သည်။
Source:FB
No comments:
Post a Comment