မူလစာမျက်နှာ

Thursday, 19 April 2012

"မင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားများအမည်အသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်"

မင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားများ၏ အမည်များကိုအသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်မှုတစ်ခု
တောင်ငူတွင်ဖြစ်ပွားခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ထံမှ သိရသည်။

အဆိုပါ နည်းလမ်းဖြင့် တောင်ငူမြို့ "စည်ပင်ဂိုဏ်းအုပ်ကျောင်း" ဆရာတော် ဦးဥာဏိဿလင်္ကာရထံမှ ကျပ်လေးသိန်းတစ်ကြိမ်၊ ငါးသိန်းတစ်ကြိမ် လိမ်လည်ခဲ့ကြောင်းသိရသည်။

ဆရာတော်၏ တိုင်တန်းချက်ကြောင့် လိမ်လည်သူငါးဦးကို တောင်ငူရဲစခန်းတွင် ဖမ်းဆီးရမိပြီဖြစ်ပြီး၊ လိမ်လည်ရာတွင် အသုံးပြုခဲ့ကားကိုလည်း ယင်းရဲစခန်းတွင်ပင် သိမ်းဆည်းထားကြောင်းသိရသည်။ ယင်းလိမ်လည်သူတို့ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
Source:FB

No comments:

နေ့မှာ