မူလစာမျက်နှာ

Monday, 2 April 2012

"ပရဟိတ အလုပ်တွေ လုပ်တဲ့အခါ အတ္တတွေ မပါရင် ပိုကောင်းတယ် ဆိုတဲ့ ကောင်းခန့်"

Source:FB
အနုပညာ သမားနဲ့ လူမှုရေး ကိုတော့ Soecity ကွာတဲ့ အတွက် သီးသန့်စီလို့ ထင်ရပေမယ့် လည်း လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်တဲ့ နေရာမှာ အနုပညာရှင်တွေ က လုပ်လိုက်တဲ့ လူမှုရေး လုပ်ငန်းတွေကို လူပိုသိ နေတယ်လို့ ထင်မိတယ် လို့ပြောလာတဲ့ သူက ကောင်းခန့်ပါ။ အဲဒီလို လူပိုသိလာတဲ့ အလျောက် ကူညီချင်တဲ့ သူတွေ အတွက်လည်း အခွင့်အလမ်းတွေ များလာသလို အကူအညီ ခံရတဲ့ လူတွေအတွက်လည်း ပိုပြီးတော့ အားအင်တွေ ပြည့်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ အနုပညာရှင်တွေ က လူမှုရေး ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင် မှုများလာတဲ့ အပေါ် သူ့ရဲ့အမြင် ကိုလည်း ကောင်းခန့် ကပြောပြပါတယ်။ ”အနုပညာရှင်တွေ လုပ်ဆောင်လိုက်တဲ့ ပရဟိတ လူမှုရေး လုပ်ငန်းတွေက တခြားလူတွေ လုပ်ဆောင် လိုက်တာထက် ပိုပြီးပျံ့နှံ့လွယ်နိုင်တယ် လို့ မြင်မိ တယ်။ ဘာကြောင့်လဲ ဆိုတော့ အနုပညာရှင်တွေ လုပ်တဲ့ အခါကျတော့ အနုပညာရှင် တွေကို အားပေးနေတဲ့ ပရိသတ်တွေ ရှိနေတယ်လေ။ ပရိသတ်တွေ အနေနဲ့လည်း သိ မယ်။ ပြည်သူတွေ အနေနဲ့လည်း သိရတော့ ပိုပြီးတော့ ကောင်းလာတာပေါ့။ ဒါပေမဲ့ အဲဒီလို လုပ်နေတဲ့ အခါတွေမှာ အတ္တတွေ မပါကြရင်တော့ ပိုကောင်းတာပေါ့” လို့ ပြောပြပါတယ်။ လက်ရှိ မှာတော့ ဒါရိုက်တာ အောင်ဗပါဝါ ရိုက်ကူးပြီး ဝိုင်းစုခိုင်သိန်း နဲ့အတူ သရုပ်ဆောင်ထားတဲ့ ‘စိတ်မကောက်ကြေးနော်’ ဗီဒီယို ဇာတ်ကား ထွက်ရှိ ထားပြီး နောက်ထပ် ထွက်ရှိလာမယ့် ဇာတ်ကားက တော့ ဒါရိုက်တာ မိုက်တီး ရိုက်ကူးပေးထားပြီး မိုးဟေကိုနဲ့ တွဲဖက် သရုပ်ဆောင်ထားတဲ့ ‘လူမှန်ဘေး ထွက်’ ဇာတ်ကား ပါ။ ‘လူမှန် ဘေးထွက်’ ဇာတ်ကား ပရိုမိုရှင်း အတွက် မန္တလေးကို မတ်လ ၆ ရက်နေ့က သွားရောက်ခဲ့ပြီး မတ်လ ၁၅ရက်နေ့ လောက်ကို ဒါရိုက် တာမောင်အောင် (ရူပဗေဒ) နဲ့ ‘သမုဒယမုန်တိုင်း’ ဆိုတဲ့ ဒီဗီဒီ ဇာတ်ကား ရိုက်ကူးဖို့ ရှိနေပါတယ်၊၊ အဲဒီ ဒီဗီဒီ ဇာတ်ကားထဲ မှာတော့ မြင့်မြတ်၊ ထွန်းအိန္ဒြာဗိုတို့နဲ့ အတူ ရိုက်ကူးမှာ ဖြစ်ပါ တယ်၊၊ အဲဒါပြီးရင်တော့ ဒါရိုက် တာ မောင်အောင် (ရူပါဗေဒ)နဲ့ ပဲနောက်ထပ် ဒီဗီဒီ တစ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

No comments:

နေ့မှာ