Source:FB
နှစ်သစ်ကူး အတာသင်္ကြန်ရက်တွေမှာ အကယ်ဒမီ လူမင်းက ပထမ အစီအစဉ် အနေနဲ့ အိမ်မှာပဲ ကလေးတွေနဲ့ အတူ အချိန် ပေးပြီးနေဖို့ လုပ်ထားခဲ့ပေမယ့်လည်း Naing Group ကမဏ္ဍပ် လုပ်ဖြစ်တဲ့အတွက် Naing Group ရဲ့ Ambrassador တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် အပြင် လူပုဂ္ဂိုလ်ချင်းက လည်း တအားရင်းနှီး တဲ့သူတွေဖြစ်တဲ့ အတွက် အဲဒီမဏ္ဍပ်မှာပဲ နေဖြစ်ခဲ့ ကြောင်း သိရပါတယ်။နှစ်ဆန်း ၁ရက်နေ့ မနက် အစောပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့အတူ ခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ အတွက် တိုင်းတာပြလို့ မရတဲ့ ကုသိုလ်တစ်ခုကို ရခဲ့လိုက် သလို ခံစားရတယ်လို့လည်း ဆိုပါတယ်။
"အဲဒီနေ့တစ်နေ့လုံးပဲ ကုသိုလ်ကောင်း မှုတွေ လုပ်ဖြစ်တယ်။ အိမ်မှာ ဘုရားတွေ ရေ သပ္ပာယ်တယ်။ နှစ်ဖက် မိဘတွေကို အစ်ကို ကန်တော့တယ်။ ပြီးတော့ အစ်ကိုတို့ ကျန် စစ်မင်း ရုပ်တုကြီး လှူတဲ့ဘုရားမှာ အလှူငွေ တွေ လှူပါတယ်" လို့ နှစ်ဆန်း ၁ရက်နေ့မှာ အလှူ လုပ်ဖြစ်ခဲ့တာ များကို ပြောပြ ပါတယ်။ နှစ်ဆန်း ၁ ရက်နေ့က ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ ကော့မှူး ကိုလိုက်ပါ ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း"အစ်ကိုတို့ သွားတဲ့ အစီအစဉ် ကကော့မှူးကပရိသတ်တွေ ဖျော်ဖြေ ရေးအနေနဲ့ သီချင်းဆိုပြီး ဖျော်ဖြေဖို့ သတ်သတ်ပါပဲ။ ကော့မှူးက ပြည်သူပြည်သား တွေကိုပြန်ပြီးတော့ ကျေးဇူးတုံ့ပြန်တဲ့ သဘော အနေနဲ့ အစ်ကိုတို့က အနုပညာ နဲ့ဖျော်ဖြေ တာ ပါ" လို့ပြောပြပါတယ်။
"အနုပညာရှင်တွေ အရောက်အပေါက် နည်း တယ်လေ။ အစ်ကို တို့ သွားတော့ နေပူကြီးထဲမှာ အားလုံးပြုံး ပျော် ကြည်နူး နေတဲ့ မျက်နှာ တွေက အင်မတန် ကို ရိုးသားပါ တယ်။ နောက် တစ်ခုက အန်တီစု ကိုယ်တိုင်လည်း ပါတဲ့အတွက် အဲဒါလေးကို အစ်ကို အလေး အနက်ပြော ချင်တယ်။ အစ်ကိုတို့ တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း တွေပြောကြတယ်။ ဗိုလ်ချုပ်စာပေ တွေ၊ မိန့်ခွန်းတွေကို လေ့လာကြတယ်။လက် ဖျားခါ လောက်အောင် ချီးကျူးကြတယ်။ တအား လက်ဖျား ခါလောက်အောင် တော်တဲ့ ဗိုလ်ချုပ် အကြောင်းကို စာတွေမှာပဲ လေ့လာ ခွင့်ရခဲ့တယ်။ အခု အန်တီစု ဆိုတာကလည်း အခုသက်ရှိ ထင်ရှားကြီး ရှိနေတယ်။ သူနဲ့တွေ့ လိုက်တိုင်း သူရဲ့စိတ်ဓာတ်တွေ၊ အတွေးအခေါ် တွေ၊ အယူအဆတွေက တအားအတုယူလေ့လာ စရာ အင်မတန်ကောင်းတဲ့ စံပြခေါင်းဆောင် တစ်ယောက်ပါ။ အဲဒီတော့ အစ်ကိုတို့တွေ ကသူ့ဆီက အတုယူရမယ်။ ပညာယူရမယ်။ လေ့လာ မှတ်သားရမယ်။ အဲဒီ အခွင့်အရေး လေးကို လက်လွှတ် အဆုံးရှုံးမခံနိုင်ပါဘူး။ ဒါ အစ်ကို့ ရဲ့ခံယူချက်ပါ" လို့ ဖျော်ဖြေရေးအတွေ့ အကြုံကို ရှင်းပြတဲ့ လူမင်းက "အမေစုနဲ့ သွားပြီး ဖျော်ဖြေတဲ့အခါ ပရိသတ်တွေ မျက်နှာ မှာ မြင်နေရတဲ့ ကြည်နူးမှုတွေ၊ ပီတိတွေ၊ သူတို့ရဲ့ အားကိုး ယုံကြည်မှုတွေ၊ မျှော်လင့် ချက်တွေ အဲဒါတွေ အများကြီးတွေ့ရတယ်" လို့ အနုပညာရှင် အနေ နဲ့ ဖျော်ဖြေပွဲတွေအများ ကြီး ဖျော်ဖြေခဲ့ ဖူးပေမယ့် အခုလို ခရီးစဉ်မှာ လိုက်ပါပြီးဖျော်ဖြေ ရတာနဲ့မတူကြောင်းကို လည်း ပြောပြပါတယ်။

No comments:
Post a Comment