မူလစာမျက်နှာ

Monday, 30 April 2012

ဒီချုပ်ကိုယ်စားလှယ်များ ဇူလိုင်ရောက်မှသာ လွှတ်တော်တက်နိုင်မည်

ရန်ကုန်၊ ဧပြီ-၃၀

လွှတ်တော်ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးများသည်ယနေ့နောက်ဆုံြး
ဖစ်ပြီး မေ နှင့် ဇွန်လတွင် လွှတ်တော်အစည်းအဝေးများ ရပ်နားထားမည်ဖြစ်သည့်အတွက် ဒီချုပ်ကိုယ်စားလှယ်များဇူလိုင်လ မှသာ လွှတ်တော်တက်နိုင်တော့မည်ဖြစ် ကြောင်းသတင်းရရှိသည်။

လာမည့် ဇူလိုင်လမှသာ ပထမအကြိမ် စတုတ္ထပုံမှန် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ပြန်လည်စတင်မည်ဖြစ်သည့်အတွက် မေ ၂ ရက်တွင် လွှတ် တော်တက်ရန် မရှိတော့ကြောင်း ယနေ့လွှတ်တော်အစည်းအဝေးသို့သတင်းတက်ရောက် ရောက်ယူနေသည့် 7 Day သတင်းထောက်က ပြောကြားသည်။

လွှတ်တော်နားမည့် ကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်သတင်း ထောက်များယခင် ကပင် ကြိုတင်သိရှိထားပြီး ဖြစ်သည်ဟုလည်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ်များ မေ ၂ ရက်တွင် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်ကြောင်း ဒီချုပ်က ယနေ့နံနက် သတင်း ထုတ်ပြန်ခဲ့သည်။
Source:FB

No comments:

နေ့မှာ