Source:FB
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ဧပြီ လ ၁၃ ရက်နေ့တွင် အလည် အပတ် လာရောက်မည်ဖြစ်သည်။ အဆိုပါ ခရီးသည် ၁၉၉ဝ နောက် ပိုင်း မြန်မာနိုင်ငံကို ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့ပြီးေ နာက် အနောက်နိုင်ငံများမှ ထိပ်သီးခေါင်း ဆောင်တစ်ဦး၏ ပထမဆုံး အလည်အပတ် ခရီးစဉ်လည်း ဖြစ်သည်။ ဒေးဗစ် ကင်မရွန်းသည် ဂျပန်၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီး ရှားစသော နိုင်ငံများသို့ အလည် အပတ်ရောက်ရှိနေခိုက် မရည်ရွယ် ဘဲ မြန်မာနိုင်ငံသို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ အစိုးရ အရာရှိတစ်ဦးက ပြော သည်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီ လျံဟေ့ခ်ျသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ လအတွင်းက လာရောက်ခဲ့ပြီး နောက် ယခုဝန်ကြီးချုပ်လာရောက် ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ကင်မရွန်း ၏ မြန်မာခရီးစဉ်သည် ''မြန်မာနိုင်ငံအတွက် အရေးကြီး သော အရေးပါေ သာ အခိုက် အတန့်'' ဟုFinacial Times သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထား သော ပိတ်ဆို့အရေးယူမှုများ ဖြေ လျှော့ရန် ကိစ္စကို ဧပြီလ ၂၃ ရက် တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် ဥရောပသမဂ္ဂ တွင် ဆွေးနွေးမည် ဖြစ် သည်။ မြန်မာနိုင်ငံသမ္မတ ဦးသိန်း စိန် သည်လည်း ဧပြီလ နှောင်းပိုင်း တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည် ဟု သိရသည်။
ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံ ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ရန် ထက်သန်စွာ တောင်းဆိုခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၄င်းတို့၏ မြန် မာနိုင်ငံအပေါ် ပိတ်ဆို့မှုများတွင် ကျွန်းသစ်၊ တွင်းထွက်ကျောက်မျက် များနှင့် သဘာဝအရင်းအမြစ်များ တင်ပို့ခြင်းနှင့် စစ်ဘက်အရာရှိ အချို့ ၏ ပြည်ဝင်ခွင့်ကို ပိတ်ပင်ခြင်းတို့ ဖြစ်သည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူရန် စီစဉ် စဉ်ကတက်ကြွစွာလှုံ့ဆော်ခဲ့သော နိုင်ငံ တစ်နိုင်ငံ၏ ဝန်ကြီးချုပ်က မြန် မာသို့ လာရောက်မည်ဟူသော သတင်း သည် မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို အနောက် နိုင်ငံများက လက်ခံနားလည်လာ သော အခြေအနေတစ်ရပ် ဖြစ် ကြောင်း အစိုးရအဖွဲ့ အကြံပေး တစ်ဦးက ဆိုသည်။ဧပြီ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံအပေါ် ပိတ် ဆို့မှုများ ဖြေလျှော့ပေးရန် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုတို့က တောင်းဆိုခဲ့ကြသော်လည်း ချက်ပြည်သူ့ သမ္မတ နိုင်ငံနှင့် ဗြိတိန်နိုင်ငံ အပါ အဝင် နိုင်ငံ အချို့က မြန်မာနိုင်ငံ သည် ယခု ထက် ပို၍ ပြုပြင်ပြောင်း လဲရေးများ ပြုလုပ်ရဦးမည်ဟု ငြင်းဆိုထား ကြကြောင်း ရန်ကုန်ရှိ ဥရောပ သံတမန် တစ်ဦးက ဆိုသည်။ဗြိတိန် ဝန်ကြီးချုပ်၏ ယခု မြန် မာပြည်ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှ င့် နေပြည်တော်တွင် တွေ့ ဆုံရန် ရှိပြီး ရန်ကုန်တွင ဒေါ် အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံမည် ဟု သိရသည်။ ထို့အပြင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း တွေ့ ဆုံရန် အစီအစဉ်ရှိသည် ဟု မြန် မာအစိုးရအရာရှိတစ်ဦးက ဆိုသည်။မစ္စတာ ကင်မရွန်း၏ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှုများကို အားပေးရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် တည် ဆောက်ရန် အဓိကထား ဆွေးနွေး သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် ငြင်းဆန်ထားသော် လည်း ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံ အတွက် အကြီးဆုံးအထောက်အပံ့ ပေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟေ့ခ်ျ၏ မြန်မာပြည်ခရီးစဉ်အတွင်း ကလည်း မြန်မာနိုင်ငံ၏ ပညာရေး နှင့် ကျန်းမာရေးကဏ္ဍ တိုးမြှင့်ရန် သုံးနှစ်အတွင်း ပေါင် ၂၈၉ သန်း ပေးအပ်သွားမည်ဟု ကတိပြုထား သည်။
ကျော်ရဲလင်း

No comments:
Post a Comment