သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း David Cameron က မြန်မာအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ယခုခရီးစဉ်
ပြောဆိုလိုက်သည်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ဦးတည်သွားနေတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီလိုမျိုးတုန့်ပြန်ပေးရမှာဖြစ်ပြီး ဒါ့အတွက် နှောင့်နှေးကြန့်ကြာမနေသင့်ဘူး။ ဒါပေမယ့် ပထမဆုံး ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်ကိုယ်တိုင်ကိုယ်ကျ သိချင်မြင်ချင်ပါသေးတယ်” ဟု ဗြိတိသျှအသံလွှင့်ဌာန BBC အား ပြောဆို
လိုက်ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေး
ယူမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးခြင်း၊ NLD ပါတီအား လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့်ရရန် ဆောင်ရွက်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အား တရားမျှတစွာ ကျင်းပပေးခြင်းတို့ကြောင့် မူလက ချမှတ်ထားသော စီးပွားရေး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချသွားရန် အမေရိကန်နှင့် အနောက်နိုင်ငံများတွင် သဘောထားများ
ဖြစ်လာကြသည်။
မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားစီ တွေ့ဆုံရန်ရှိသည်။ ၀န်ကြီးချုပ် ကမရွန်းနှင့်အတူ ထိပ်တန်း ဗြိတိသျှ စီးပွားရေး ကုမ္ပဏီကြီးများလည်း လိုက်ပါလာမည်ဖြစ်သည်။
Source:mizzimaburmese
No comments:
Post a Comment