မူလစာမျက်နှာ

Thursday, 5 April 2012

မွန်ပြည်သစ် ပါတီလည်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ရန် အစီစဉ်ရှိ

Nmsp__Feb_01-08မွန်ပြည်သစ် ပါတီသည်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် လာမည့် ဧပြီလ နှောင်းပိုင်းတွင် တွေ့ဆုံရန် မကြာခင် ကျင်းပ ပြီးစီး ခဲ့သည့် ဗဟိုကော်မီတီ အစည်း အဝေးက ဆုံးဖြတ် ခဲ့သည်ဟု မွန် ပြည်သစ် ပါတီ ဗဟို အလုပ်အမှုဆောင် တဦးက ပြောပါသည်။
“ လောလောဆယ်တော့ မဟုတ်သေးပါဘူး။ လာမယ့် ဧပြီ (၁၀) ရက်နေ့ ကျရင် ကျနော်တို့က အစိုးရ ကိုယ်စား လှယ်တွေနဲ့ ထပ်မံ တွေ့ဆုံဖို့ ရှိနေတယ်။ အဲဒီ နောက်မှာမှ တွေ့ဖြစ်ကြမှာပါ။ တွေ့ကြရင်လည်း တိုင်းရင်းသား အရေးနဲ့ ပြည်ထောင်စု အရေးတွေ အပေါ်မှာ အမြင် ဖလှယ်ကြဖို့ပါဘဲ” ဟု အဆိုပါ ဗဟိုအလုပ် အမှုဆောင်က ဆိုပါသည်။ မွန်ပြည်သစ် ပါတီသည်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် လာမည့် ဧပြီလ (၁၀)ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင် မြို့၌ တွေ့ဆုံ ဆွေးနွေးရန် ရှိပါသည်။ ၄င်းတွေ့ဆုံ ဆွေးနွေးပွဲတွင် မွန်ပြည်သစ် ပါတီဖက်မှ ကိုယ်စားလှယ် (၉) ဦး စေလွှတ်မည် ဖြစ်ပါသည်။ ၄င်းတိုမှာ --
(၁) နိုင်အောင်မင်း အဖွဲ့ခေါင်းဆောင် (တွဲဖက်အတွင်းရေးမှူး ၁)
(၂) ဗိုလ်မှူးချုပ် လရီဂကောင်း ( ဒုဦးစီးချုပ်)
(၃) နိုင်တလညီ ( ဗဟိုအလုပ်အမှုဆောင်)
(၄) နိုင်အေးမွန် (ဥက္ကဌ) မော်လမြိုင်ခရိုင်၊
(၅) နိုင်နာဒူးရူမာန် (ဥက္ကဌ) သထုံခရိုင်၊
(၆) နိုင်ဗညားလေး (ဥက္ကှဌ) ထားဝယ်ခရိုင်၊
(၇) မိမြင့်မြင့်ခင်  ပညာရေးဌာန တာဝန်ခံ
(၈) ဒုဗိုလ်မှူးကြီး စိုက်ချမ်း (မော်လမြိုင် ဆက်ဆံရေးရုံး တာဝန်ခံ)
(၉) ဗိုလ်မှူးကြည်စံ (မော်လမြိုင်ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ)တို့ဖြစ်ပါသည်။
Nmsp__Feb_01-10အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ (ဓါတ်ပုံ - Burma VJ)
ဆွေးနွေးကြမည့် အကြောင်း အရာများမှာ ၊ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့၌ သဘောတူထားသည့် အချက်အလက် များနှင့် ပါတ်သက်ပြီး (၄၅) ရက်အတွင်း ပြန်လည်တွေ့ဆုံရန် ဆိုသည့် သတ်မှတ်ချက် အတိုင်း ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါ သည်။
သတ်မှတ်ဂွင်၌ တပ်ဖွဲ့နေရာ ချထားရေးကိစ္စ၊ ဆက်ဆံရေးရုံး ထားရှိမည့် နေရာများမှ ကော်မီတီဝင်များ၊ ပါတီ စီးပွားရေး ကိစ္စ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး။ ဒေသဖွံ့ဖြိုးရေး ကိစ္စများကို ဆွေးနွေး ကြမည် ဖြစ်ပါသည်။
အထူးသဖြင့် မွန်ပြည်သစ် ပါတီသည် ဆက်ဆံရေးရုံး (၉) နေရာနှင့် တပ်တည် (၂၇) နေရာတွင် နေရာ ချထားမည် ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းအပါဝင်၊ ရေရှည် စိုက်ပျိုးရေး လုပ်ငန်းများ၊ စက်မှုဇုံနှင့် အခြား ကုန်သွယ်မှု လုပ်ငန်း များကိုလည်း တင်ပြ တောင်းဆိုဖွယ် ရှိပါသည်။ အန်ဂျီအို လုပ်ငန်းများ၊ မွန်ပညာရေး လုပ်ငန်းများ၊ ကျွန်းစိုက်ပျိုးရေး လုပ်ငန်းနှင့် ရော်ဘာ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း တင်ပြမည် ဖြစ်ပါသည်။
ဤအစည်းအဝေးများ ပြီးဆုံးမှသာ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံကြမည် ဖြစ်ပါသည်။
အပစ်အခတ် ရပ်စဲရေးအတွက် မွန်ပြည်သစ် ပါတီသည် ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် မွန်ပြည်နယ် ၊ရေးမြို့နယ်၌ တကြိမ်၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့၌ တကြိမ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မော်လမြိုင် မြို့တွင် တကြိမ် နှင့် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် တကြိမ် စုစုပေါင်း (၄) ကြိမ်တိုင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ်နှင့် ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲနိုင်ခဲ့ပါသည်။
Source:phophtaw

No comments:

နေ့မှာ