ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ဧပြီလ ၆ ရက်မှ
စတင်၍ နေ့စဉ် ညနေ ၅ နာရီမှ နံနက် ၅ နာရီထိ ပုံမှန် ပေးဝေသွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ လျှပ်စစ် ဓာတ်အား ဖြန့် ဖြူး
ပေးဝေရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယနေ့ နေ့လယ် ၃ နာရီက အဆိုပါ
ဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပြော ကြားသည်။ ”ပေးဝေတဲ့ဝန်အားနဲ့ သုံးစွဲတဲ့ ၀န်အားမမျှလို့ မီးပေးဝေမှု အပိုင်းမှာ အပိုင်းခွဲ ပြီးပေးခဲ့တာပါ။ အခုလူတွေပြောတဲ့မီးပျက်လို့ ပူတယ်အိုက်တယ် ဆိုပြီးပြော တာတွေကျွန်တော်တို့ ကြားရပါတယ်။ ဒါကြောင့်ရွှေလီရေအား လျှပ်စစ်စက် ရုံကနေပြီး ပေးနိုင်တဲ့မဂ္ဂ၀ပ်ကို တိုးတောင်းထားပါတယ်၊ အခု ဒါကြောင့် နည်းနည်း မဂ္ဂါ၀ပ်ပိုရတဲ့ အတွက် အခုလိုမျိုး ညနေ ၅နာရီမှ မနက် ၅နာရီ အထိကို ပုံမှန်မီးပေးနိုင်တာပါ”ဟု ၄င်းကပြောသည်။ အဆိုပါပုံမှန်ပေး ချိန်မှလွှဲ၍ ကျန်အချိန်များကို အပိုင်းသုံးပိုင်းခွဲ၍ ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။ ရန်ကုန်မြို့တွင်း ဧပြီလ ၂ ရက်မှ စတင်၍ လျှပ်စစ်ဓာတ်အားများ အလှည့်ကျပေးဝေမှု မစတင်မီ သုံးစွဲခွင့်ပြုထားသည့် မဂ္ဂါ၀ပ်မှာ ၇၀၀ကျော် ဖြစ်ပြီး လက်ရှိ အချိန်ပိုင်း ပေးဝေမည့် မဂ္ဂါဝပ်မှာ ၆၂၂ ဖြစ်ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက် အရသိရသည်။
Source:FB
No comments:
Post a Comment