- Published on Monday, 23 April 2012 05:30
သစ်တောများနှင့်၊ ရာသီဥတုတို့သည် ခွဲခြားမရအောင် ဆက်စပ်နေပါသည်။ အပူပိုင်း အမြဲစိမ်းသစ်တော များပြန်းတီးမှုနှင့် ပျက်စီးမှုတို့သည် ကမ္ဘာ့နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၁၅ % ကို ဖြစ်ပွားစေပါ သည်။ တချိန်တည်းမှာပင် ရာသီဥတုပြောင်လဲမှုက သစ်တောများ၏ ဂေဟစနစ်ကို ထိခိုက်စေကာ နောက် မျိုးဆက်များ အသက်ရှင်နေထိုင်ရေးအတွက် ဂရုတစိုက် ထိန်းညှိပေးနေမှုကိုလည်း အနှောင့်အယှက်ဖြစ် စေပါသည်။
ကမ္ဘာ့ ဒုတိယအကြီးဆုံး အမြဲစိမ်းသစ်တောများပေါက်ရောက်ရာ ဒေသဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာကြီးပူနွေးမှုနှင့် သစ်တောပြုန်းတီးမှုတို့အကြား လမ်းဆုံလမ်းခွတွင် ရောက်နေပါသည်။ အင်ဒိုနီးရှား၏ သစ်တောများ အလျှင်အမြန် ပြုန်းတီးရာမှနေ၍ ဖြစ်ပွားသော ကာဘွန်ထုတ်လွှတ်မှုသည် တကမ္ဘာလုံး ကာ ဘွန်ထုတ်လွှတ်မှု၏ ၅ %ခန့် ရှိသည်။
အမေရိကန်ပြည်ထောင်စုရှိ ကား၊ လေယာဉ်၊ ဘတ်စ်ကား၊ မီးရထား တို့ အားလုံးပေါင်း ထုတ်လွှတ်မှုထက်ပိုနေပါသည်။ သစ်တောပြုန်းတီးမှုမှနေ၍ ဖြစ်ပေါ်လာသော ဤ ကာ ဘွန်ထုတ်လွှတ်မှုကြောင့် စက်မှုနိုင်ငံမဟုတ်သော အင်ဒိုနီးရှား နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံပြီးလျှင်၊ ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထုတ်လွှတ်သော နိုင်ငံဖြစ်သည်။
ယခင်က ဤသို့ မဟုတ်ခဲ့ချေ၊ မကြာသေးမီ၊ ၁၉၆၀ ခုလွန်နှစ်များက သစ်တောဖုံးလွှမ်းရာ နယ်မြေ အကျယ်အ၀န်းသည် တိုင်းပြည်တခုလုံးအကျယ်အ၀န်း၏ ၈၀ % ထက်ပင် အနည်းငယ်ပိုသေးသည်။ သည့် နောက်ပိုင်းတွင်မူ တရားမ၀င် သစ်ခုတ်ခြင်း၊ အစိုးရ၏ အကျင့်ပျက်ခြင်း၊ ကော်ပိုရေးရှင်းကြီးများ၏ ၀င် ရောက်နေရာယူခြင်းတို့ပေါင်းဆုံမိကာ မြေယာနှင့် အရင်းအမြစ်များကို အလုံးလိုက်အရင်းလိုက် အပိုင်စီးမှု များသည် ကျွန်းမှန်သမျှမှာ ဖြစ်ပွားခဲ့သည်။
ဤသို့ဖြင့် သစ်တောများ၊ သက်ရှိ မျိုးစိတ်များနှင့် လူမှုအသိုက် အမြုံများ ပျောက်ကွယ်ခဲ့ရသည်။ ယနေ့အခါ၌ အင်ဒိုနီးရှားနိုင်ငံ၏ ကျန်ရှိနေသော သစ်တောများသည် မူလသစ်တောများ ၏ တ၀က်ခန့်ပင် မရှိတတ်ချေ၊
ဤသစ်တောပြုန်းတီးမှု၏ အကျိုးဆက်များကို ကောင်းစွာမှတ်တမ်းပြုထားပါသည်။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ ကြီးထွားလာနေလျှက်ရှိသည်။ ဂျာဗား ကျားကဲ့သို့သော အခြားဒေသမှာ မရှိသည့် မျိုးစိတ်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အိုရန်ဂူတန် လူဝံ (orangutan)သည်လည်း ပျောက်ကွယ်တော့မည့် အန္တရာယ်၏ အကြီးအကျယ်ခြိမ်းခြောက်ခြင်းခံနေရ သည်။
သစ်တောများကို မီးရှို့ ရှင်းလင်းပစ်မှုများ နေရာအနှံ့ဖြစ်ပွားနေပါသည်။ ပိုးသတ်ဆေးများနှင့် စက်ရုံ အလုပ်ရုံများ၏ စွန့်ပစ်ရေများက မြစ်ချောင်းအင်းအိုင်များကို ညစ်ညမ်းစေပါသည်။ ထို့ပြင် မြေယာများကို ကော်ပိုရေးရှင်းကြီးများ၏ ချုပ်ကိုင်ထားမှုကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ တိုး၍တိုး၍ဖြစ်ပွားနေ လျှက်ရှိကာ၊ ကုမ္ပဏီများနှင့် နယ်ခံကျေးရွာများ ရန်တကျက်ကျက်ဖြစ်ပွားနေလျှက်ရှိသည်။
အမြဲစိမ်းသစ်တော များပြန်းတီးမှုနှင့် ပျက်စီးမှု၊ တောတွင်းသားပြည်သူတို့၏ အဖိနှိပ်ခံရမှုတို့ ရပ်တန်းက ရပ်သွားရေးအတွက် ကျွန်ုပ်တို့သည် အမေရိကန်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကမ္ဘာအနှံ့အပြားမှ လာ ရောက်လုပ်ကိုင်နေကြသော စက္ကူနှင့် ပြော့ဖတ်လုပ်ငန်းများမှာ ပေါ်လစီပြောင်းလဲလာအောင် ကြိုးပမ်း နေလျှက်ရှိသည်။
အောင်မြင်မည်ဆိုပါက ကျွန်ုပ်တို့သည် အင်ဒိုနီးရှားနိုင်ငံမှာ သစ်တောပြုန်းတီးအောင် အဓိကအာဖြင့် တွန်းပို့နေသူများ (ဆီအုန်းစိုက်ခင်းများ၊ စက္ကူနှင့် ပြော့ဖတ်အတွက် စိုက်ပျိုးသော ခြံစိုက်ခင်းများ) ကို ဟန့်တားနိုင်မည်ဖြစ်ပြီး၊ တန်ဖိုးရှိသော မြေဧက သန်းပေါင်းများစွာကိုလည်း ကာကွယ် စောင့်ရှောက်ပေးနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့လေထုထဲမှ အပူငွေ့များကိုလည်း ပယ်ရှင်းပစ်နိုင်မည် ဖြစ်ပါသည်။
No comments:
Post a Comment