မူလစာမျက်နှာ

Monday, 2 April 2012

အမြန်ဆုံး သတငိးပို့ပါဥပဒေကြောင်းအ၇ အခမဲ့ အကူအညီပေးပါသည်

Tuesday, April 3, 2012 at 11:00am ·

Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ
ပြစ်မှုကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ၊ လူငယ်များနှင့် သက်သေများ၊
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များနှင့် လူငယ်များ၊
အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီး ဖြစ်သည့် အတွက်
ပြစ်မှုကျူးလွန်စော်ကားခံရသော () အမျိုးသမီးများအတွက်
အမှုလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေအကြောင်းအရ အခမဲ့
ကူညီပေးသည့် စီမံချက် ဖြစ်ပါသည်။

  1.  ရည်ရွယ်ချက်


မသိနားမလည်၍သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊
ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမှုကို
တိုင်းတန်းရန် (သို့) စွပ်စွဲခံရသောအမှုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ
ရှိသူများအတွက် ဥပဒေအကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်

  • ပြစ်မှုကျူးလွန်စော်ကားခံရသူ (နစ်နာသူ) အသက် (၁၈)နှစ်အောက် ကလေးသူငယ်၊

  • အသက် (၁၈)နှစ် အောက် ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက
ကျောင်းစရိတ် ထောက်ပံ့ကူညီရန်


  • ပြစ်မှုကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ်နှင့်

တရားရုံးသို့ သွားလာစရိတ်နှင့် တရားရုံးသို့ သွားလာစရိတ် အခက်အခဲရှိပါက
လူမှုရေးစရိတ် ထောက်ပံ့ကူညီရန်

  • ပြစ်မှုကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား
အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အ သက်မွေးဝမ်းကျောင်း
သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့ကေူညီရန်


Legal Aid Project အောက်တွင် အမှုလိုက်ပါဆောင်ရွက်သော ရှေ့နေများအား
ရှေ့နေခ ၊ ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခများကို အမှုသည်များက လုံးဝ
မပေးရပါ။


ရှေ့နေများမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင်
တိုင်တန်းနိုင်ပါသည်။

  •      အသက်(၁၈)နှစ်အောက် ကလေးများ၊ လူငယ်များ ပြစ်မှုကျူးလွန်စော်ကားခံရလျှင်
  •        အသက် (၁၈)နှစ်အောက် ကလေးများ၊ လူငယ်များ ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရ၍ တရားရုံးတွင် အမှုရင်ဆိုင်ရလျှင်
  •       အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက်ပြစ်မှုကျူးလွန်စော်ကားခံရလျှင်


အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်။



ဦးငိုင်ဆာခ့်

(စီမံကိန်း မန်နေဂျာ)

၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅


ရုံးခန်း

အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ၊ မဟာဗန္ဓုလလမ်းနှင့်
ပန်းဆိုးတန်းလမ်းဒေါင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ချစ်ခင်လေးစားသော

ရွှေအိမ်စည်
Source:FB

No comments:

နေ့မှာ