မူလစာမျက်နှာ

Thursday, 19 April 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်

Thursday, 19 April 2012 08:28
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ဂျပန်နိုင်ငံသို့လာရောက် လည်ပတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ဧပြီလ ၁၈ ရက်နေ့တွင် ပြော ကြားခဲ့သည်။
သမ္မတဦးသိန်းစိန်သည် ဧပြီလ ၂၁ ရက်နေ့တွင် ဂျပန်-မဲခေါင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၂၈ နှစ်အတွင်း မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံး ဂျပန်ခရီးစဉ်ဖြစ် လာမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ၂၀၀၉ ခုနှစ်က ဂျပန်-မဲခေါင် ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံဝန်ကြီးချုပ် အနေဖြင့် တက်ရောက်ခဲ့ဖူးသည်။

Source:FB

No comments:

နေ့မှာ