“၈၈ နောက်ပိုင်း အချောင်သမားဝါဒကို ခြေရာကောက်ခြင်း။”
ဦးအေးဆောင်
အချောင်သမားဝါဒဆိုတာကဘာလဲလို့ စဉ်းစား ဆင်ခြင်ကြည့်တဲ့ အခါ လုပ်သင့်တဲ့ အရာကို မလုပ်ဘဲ အဆင်ပြေမည့် သက်သာသည့် ဘက်ကို လိုက်တယ်လို့ အဓိပါယ် ယူလိုက်ပါတယ်။ လုပ်သင့်တဲ့ အလုပ်က ပင်ပန်းတယ်။ အန္ဒရာယ်ကြီးရင် ပို ဆိုးတာပေါ့။ ဥပမာ အိမ်ခေါင်မိုးက မိုးယိုနေတယ်ဆိုပါတော့၊ တက်ရမှာ ခက်တာရယ်၊ အစားထိုးရမည့် အင်ဖက်က မရှိတာရယ်၊ အချိန်မရှိတာရယ်။ ပေါင်းလိုက်ပြီး လက်ငင်းတော့ ရေးခွက် တခုကိုခံထားလိုက်တယ်ဆိုပါစို့၊ လက်ငင်း ပြေလည်သွားတယ်ပေါ့၊ ဒါပေမဲ့ ရေခွက်က ရေပြည့်လို့ ခဏခဏ သွန်ရတာ၊ မတော်တဆတိုက်မိလိုခွက်မှောက်တာ တွေကို ထည့်မတွက် ရင်တော့ ဟုတ်သလိုလိုဖြစ်နေတတ်တယ်။ မပြင်ဖြစ်ခဲ့ရင် နောက်နှစ်မိုးရွာတော့ ဒီဒဏ်က လာဦး မှာ ဘဲ။ နောက် ဥပမာက ကင်ဆာ အကျိတ်ကို တွေ့ရင် ဖြတ်ထုတ်ရတယ်လို့ ကြားဘူး တယ်။ မဖြတ်ချင်ရင်၊ မဖြတ်ရဲရင်တော့ ကင်ဆာ မဟုတ်သေးကြောင်း၊၊ မသေချာသေးကြောင်း ၊ လက္ခဏာ မပြည့်စုံ သေး ကြောင်း အကြောင်းအမျိုးမျိုးနဲ့ မခွဲဖြစ်အောင် ရှောင်နေမှာဘဲ။ ရှောင် လို့ ရောဂါခံစားရ တာက လွတ်တာတော့မဟုတ်ပါဘူး၊ ပိုဆိုးတာတွေကများပါတယ်။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုးး ဆိုသလို ဘဲပေါ့ -ပေါ့မလားလုပ်ခါမှ ပိုဆိုးတာကို ပြတာဘဲ။ အချောင်ဝါဒကလဲ ဒီလိုပါဘဲ သက်သာသလိုထင်ရပေမဲ့ ပိုဆိုး တတ် လို့ပါ။ မြန်မာပြည်နိုင်ငံ ရေးရဲ့ အချောင်သမား ၀ါဒ ရောဂါ ဆိုရင် အတော်ကြီး များပြား ရှုပ်ထွေး မှာမို့ ၈၈ နောက်ပိုင်း အနီးကပ် အချောင်သမား ၀ါဒ ရောဂါကိုဘဲ လက် လှမ်းမှီသ လောက် လေ့လာတင်ပြ လိုက် ပါတယ်။
၈၈ လူထုအုံကြွမှု စတော့ တော်လှန် နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံ့အာဏာကို သိမ်းယူ ဖို့ စိတ်ကူး အစကတည်းက မရှိထားကြတော့ တွေဝေနေတယ်။ ဘာလုပ်ရမှန်း မသိကြဘူး။ လူထုအုံကြွမှုက ဒီလောက်မြန်ဆန်မယ်မထင်ခဲ့ကြဘူး။ လူမျိုးရေးကိစ္စတွေနဲ့ ရှုပ်နေကြတယ်။ဘယ်ပါတီ၊ ဘယ်အဖွဲ့မှ အာဏာသိမ်းဖို့ ဆော်သြလှုပ်ဆော်တာမရှိခဲ့ကြဘူး။ ဒါက တခုလုံးဆိုင်ရာကို အလေးမထား၊ သေးမွှားတဲ့ ကိစ္စတွေအပေါ် လွယ်ကူတဲ့ ကိစ္စတွေ အပေါ် အလေးထားတာကို ပြတာဘဲ။
ဒီတော့ အုံကြွမှုဖြစ်တော့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကြရတယ်။ လူသိများမည့် လူကိုရွေးပြီိး ခေါင်းဆောင်တင်ကြရတော့တယ်။ အဲဒီခေါင်းဆောင်တွေကလည်း တင်လိုက်လို့သာ ခေါင်းဆောင်လုပ်ရတာ တော်လှန်ရေး သမားမဟုတ်ပြန်ဘူး၊ လုပ်ရမှာကတော်လှန်ရေး လူတွေက စစ်ဗိုလ်ဟောင်း၊ လူဂုဏ်တန် တရားသမားလိုလိုဟာတွေ။တက်လာတယ်။ လူထုက လည်းဒီ လူတွေပဲ မြင်ပါတယ်။ လူထုအမြင်ကဒီလောက်ပဲရှိတယ်။ တိုးတက်တဲ့သူတွေက ရှေ့က ဦးဆောင်ပါလား၊ မဦးဆောင်ဘူ။ဦးမဆောင်နိုင်တာလည်းပါမယ်။ တခြားလူတွေူး လုပ်လည်း ပြီးတာပဲလို့ ပေါ့ပေါ့ပါးပါး ထားခဲ့ကြတယ်။ ဒါက သက်သာသလိုနေ၊ တာဝန်မယူရဲတာတွေပေါ့၊
အခုဒါတွေကို ပြောရတာ အပြစ်တင်ချင်လို့ မဟုတ်ဘူး ၊ နောက်တခါဒီလိုအမှားမျိုး ထပ်မဖြစ်စေချင်လို့။
ကဲဦးဆောင်မှုအခန်းက တော်လှန်ရေးသမားမဟုတ်တဲ့လက်ထဲမှာ ရှိနေခဲ့တော့စစ်အာ ဏာရှင်တွေကို အပြုတ်တိုက်တော်လှန်ဖို့ ဘယ်သူကလုပ်မှာလဲ ။ စစ်တပ်ကိုစိတ်နဲ့ တောင် မပြစ်မှားနဲ့ ၊ ဒီမိုကရေစီရပါစေ့မယ်။ မရရင် သူ့ကို မီးရှို့ သတ်ပါဆိုပြီးဆန္ဒ ပြသူတွေ ကိုတားခဲ့တဲ့ ဦးအောင်ကြီးလိုလူတွေ၊ ကျောင်းသားနဲ့ စစ်တပ်အကြား စေ့စပ်ပေးချင်တဲ့ ဒေါ်စု တို့၊ သူသာဝန်ကြီးချုပ်ဖြစ်ရမယ်ဆိုတဲ့ ဦးနုတို့ လိုလူတွေနဲ့ဘဲ ၈၈ လူထုအုံကြွမှုကြီးဟာ မျှောနေခဲ့ရတယ်။ ဘယ်သူမှ စစ်အာဏာကို ဖြိုချဖို့ စိတ်မကူးခဲ့ဘူး။ ဒီကြားထဲ ဖေဖေ ထူ ထောင်ခဲ့တဲ့ တပ်ကို မကွဲစေချင်ပါဘူးလို့ ဒေါ်စုကပြောသေးတယ်။ ဒါက တော်လှန်ရေးဖြစ် နေမှန်းမသိပဲ သူ့အမွေသူထိန်းသလိုမျိုးဖြစ်နေခဲ့တယ်။
ကြားဖြတ်အစိုးရ ပေါ်ပေါက်ရေး ရည်မှန်းချက်ဟာ ရှိခဲ့ပေမဲ့ ပုဂ္ဂိုလ်ရေးတွေ၊ဂိုဏ်း ဂဏတွေနဲ့ လေထဲမှာပျောက်သွားရတယ်။ ဆန္ဒ ပြ သူတွေ လက်မှိုင်ချသွားရတယ်။
ဒီနေရာမှာ ကြားဖြတ်အစိုးရပေါ်ပေါက်ရေးက အဓိကကျတယ်လို့ ကျွန်တော်မထင်ဘူး၊၊ စစ်တပ်ထဲကလူတွေနဲ့ ရန်သူခေါင်းမာဂိုဏ်းကို ရင်ဆိုင်ပြီးလူထုကို ကာကွယ်ပေးဖို့က အဓိက ကျပါတယ်။ ဒါက လူကြိုက်များတဲ့အလုပ်မဟုတ်၊ နေရာရတဲ့ အလုပ်လည်းမဟုတ်တော့ ပင်ပန်းပြီး မတော်အသက်ပါသေနိုင်တော့ ဘယ်သူမှ စိတ်မ၀င်စားကြဘူး။ အချောင်နေရာရ မလားလို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတဲ့ သူတွေ ချည့်ဖြစ်နေတယ်။
ဒါတွေအကုန်လုံးချုပ်လိုက်ရင် တော်လှန်ရေး သဘောတရားလဲ မသိ၊ တော်လှန် ရေးဆိုတာ ပြင်းထန်တဲ့ အပြောင်းအလဲ တခုကိုဦးတည်လုပ်တာ ဆိုတာလဲ မသိ၊ ရဟန်းခံ ရှင်ပြု နားသ ပွဲလိုအောင်းမေ့ခဲ့ကြတယ်။ ဒီတော့ တော်လှန်ရေး ဆိုတဲ့ သဘော တရား ကို မသိသူတွေကို ရှေ့မှာ ဖြစ်လာဦးမည့်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ မတင်မိဖို့လိုတယ် ဆိုတာကို များစွာသတိထားကြဖို့ပါဘဲ။ ဒါကြောင့်ပဲ လုပ်ရပ်တွေ ပြောဆိုမှုတွေကို အသေးစိပ် လေ့ လာပြီး အပြစ်တင်ရှုတ်ချတာ၊ ထုတ်ပယ်တာတွေလုပ်ရလိမ့်မယ်။ မလုပ်လို့က အပြစ်မ ယူရဲဘူး ဆိုပြီး အပြစ်တွေထပ်ထပ်ကျူးလွန်လာမှာဘဲ။
ရန်သူစစ်အာဏာရှင်က စက်တင်ဘာ ၁၈ မှာအာဏာသိမ်းပြီး ရွေးကောက်ပွဲ လုပ်ပေး မယ် ဆိုပြီး မက်လုံးပေးလိုက်တော့ လူတွေတော်တော်တွေသွားတယ်။ ဒီမှာတင် ဘယ် သူ ဟာ အခွင့်အရေးသမားလဲဆိုတာကို ပေါ်လာတော့တာဘဲ။နိုင်ငံရေးအဖွဲ့တွေမှိုလိုပေါက်ပြိး ဂိုဏ်းချင်း ပြိုင်လာကြတော့တယ်။ ဒိုင်လူကြိးက စစ်အာဏာရှင်ဘဲ။ တောထဲသွားတဲ့ သူတွေက လက်နက်ကိုင် လမ်းစဉ်ကို လုပ်ကြဖို့ ဦးတည်ခဲ့ပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကလည်းလက်နက်ကိုင်လှုပ်ရှားမှုကို အာရုံပြားစေပါတော့တယ်။
တောထဲရောက်လာတဲ့ လူတွေကကော အဆင်ပြေသလားဆိုတော့ နိုင်ငံရေးအရ ဆင်ပြေပေမဲ့ စစ်ရေးအရ တိုးတက်မှုနည်းလှတယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေရဲ့  နိုင်ငံရေးအမြင်က အရေးကြီးလာတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအမြင်က ဗမာမုန်း တီးရေးကိုပဲ အခြေခံခဲ့တော့ ဗမာနဲ့ ပေါင်းရတာက စိတ်မချသလိုလို ရှိတယ်။ အထက်ပိုင်း ခေါင်းဆောင်တွေက အတွေးအခေါ်ကို မြန်မြန်ဆန်ဆန် ပြောင်းနိုင်ကြပေမဲ့ အလယ်နဲ့ အောက်ခြေက လူမျိုးစုတွေက သဘောမပေါက်ကြပါဘူး။ ဒီကြားထဲ ရောက်လာကြတဲ့ ဗမာတွေကလလည်ဲး လူမျိုးစွဲရှိကြပြန်တော့ အဆင်မပြေမှုတွေရှိတယ်။ ဒါကဘာလဲဆိုတော့ လူမျိုး ရေး အခြေခံလောက်ရှိတဲ့ အဖွဲ့နဲ့ ပေါင်းလုပ်ရရင် တဘက်ဘက်က နိုင်ငံရေး အမြင်မြင့်ပြိး ရင့်ကျက်ဖို့လိုပါတယ်။ ဒါကလည်း အလိုအလျှောက်ဖြစ်လာစရာမရှိ ဘူး၊သက်သောင့်သက်သာနဲ့ ရလာနိုင်စရာမရှိဘူး။ ပြင်းပြင်းတန်တန်ယုံကြည်လက်ခံ ကျင့်သုံး မှ ဖြစ်တာ ။ ဒါကလည်း သက် သောင့် သက်သာ လုပ်ချင်သူတွေအတွက် ခက်တဲ့အရာပေါ့၊ ဒီပြဿနာက ဗကပတောင်ခံရ တဲ့ကိစ္စဆိုတော့ လေးလေးနက်နက်ဖြေရှင်းရမည့် ပြဿနာ ကြီးဖြစ် တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကြိုးပမ်းကျော်လွှားရမှာဘဲ။
မြန်မာပြည်ရဲ့နိုင်ငံရေး အပြောင်းအလဲက ပြည်တွင်းက ၉၀ ခုမေလရွေးကောက်ပွဲမှာ NLD ကအပြတ်နိုင်တယ်။ တောထဲက DAB တပ်ပေါင်းစုက ရွေးကောက်ပွဲကို အယုံ အကြည်မရှိ သဘောထားခဲ့ပေမဲ့ ၊ NLD ကနိုင်တော့ ထိပ်တိုက်မဖြစ်ရအောင်ေ၇ွးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုလိုက်တယ်။ ဒါက နိုင်ငံရေး ဖြစ်စဉ်။
အတွေးအခေါ် အရ ပြည်တွင်းက ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖေါ်ရေးကို မျှော်တဲ့ စိတ်က၀င်နေကြပြီ။ စစ်အာဏာရှင်ဘက်ကတော့ ၈၈က ပျက်ခဲ့တဲ့ စစ်ရုံးချုပ်စည်းရိုး တွေ၊ ခံကတုတ်တွေ အခိုင်အမာလုပ်ထားလိုက်ပြီ။ ဖွဲစည်းပုံအရင်ရေးရ ဦးမယ်ဆိုပြီး အကြောင်ပြ တယ်။ ဒေါ်စုနဲ့ ဆွေးနွေးတော့မယောင် လုပ်ပြတယ်။ ဗိုလ်ချုပ်မြကလည်း ဗိုလခင်ညွန့်နဲ့တွေ့ပြီး အပစ်ရပ်သလိုလိုလုပ်လာတော့တယ်။
လက်နက်ကိုင်တိုက်ပွဲ ယုံကြည်ချက်နဲ့ တောထဲလာတဲ့ လူတွေရော၊ တောထဲမှာ ရှိပြီး သားလူတွေပါ တွေ့ဆုံဆွေးနွေးရေးလိုလို ၊ အပစ်ရပ်ရေးလိုလိုလောက်နဲ့ အနှစ် ၂၀ လောက် ကုန်သွားတော့တယ်။ ရန်သူစစ်အာဏာဟာ အနှစ်နှစ်ဆယ်တည်ခဲ့တယ်။ တောက လူတွေ က လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကနေ ရွေးကောက် ပွဲ ရ လာဒ်ကို မျှော်ကိုးရာက စေ့စပ် ရေး ပရိယာယ်ကို ရန်သူက အသုံချ ဖြိုခွဲလိုက်ပါတော့ တယ်။
၁၉၉၄ ခု ဗိုလ်ခင်ညွန့် သုံးသွားတဲ့ စေ့စပ်ရေး၊ အပစ်ရပ်ရေးထိုးစစ် ဟာ ဒီနေ့  ၂၀၁၂ အထိ အရှိန်မသေသေးဘဲ တော်လှန်ရေးလှုပ်ရှားမှုကို တငွေ့ငွေ့ လှိုက်စားနေပါတယ်။
ဒါကို ပြန်သုံးသပ်ရင် လက်နက်ကိုင်တိုက်ပွဲလမ်းကြောင်းဟာ ရွေးကောက်ပွဲ ရလာဒ်နဲ့ အပေးအယူလုပ်ရေး လမ်းကြောင်းကိုပြောင်းသွားခဲ့တာကို တွေ့နိုင်တယ်။ ဒါအတွက် တားဆီး တဲ့ အမြင်တွေ ကျွန်တော်တို့မှာ မရှိခဲ့ပါ။ ဆန့်ကျင်တာတွေမရှိခဲ့ပါ၊ ဘာကြောင့်လဲ စစ်အာဏာ ရှင်နဲ့ ဝေမျှစားချင်တဲ့ အမြင်ရှိခဲ့လို့ပါ။ သက်သာအောင်ပြောရရင်တော့ စစ်အာ ဏာရှင် တွေအပေါ် အမြင်မရှင်း၊ မပြတ်ဘူးပေါ့၊
ရန်သူနဲ့ အပေးအယူလုပ်တာဟာ ရန်သူကို အသိအမှတ်ပြုရာရောက်သလို ကိုယ့်  တော်လှန်ရေးကို မယုံကြည်ရာရောက်တယ်ဆိုတာကို မသိကျိုးကျွံပြုပြီိး ကမ္ဘာ့ဖိအား၊ လိုလို၊ ဒေသခံပြည်သူတွေကြောင့်လိုလို အကြောင်းတွေပြပြီး ရန်သူနဲ့နာလည်မှုယူကြတယ်။ အခုဆို ဒေါ်စုက အစပဲ။
ဒီတော့ ကျွန်တော်တို့ တော်လှန်ရေး ဖြစ်စဉ်ကို ယေဘုယျ ကြည့်ရင် တော်လှန်ရေး လမ်းစဉ်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွဲစွဲမြဲမြဲ အကောင်အထည်ဖေါ် ရတာထက် အချောင်ဆန်ဆန်စေ့စပ်ရေး၊ အပစ်ရပ်ရေး၊ အပေးအယူလုပ်ရေး ကိစ္စတွေသာများ နေတာကိုတွေ့နိုင်တယ်။ ဖေါက်ပြန်ရေးဂိုဏ်းသားတွေ၊ အချောင်သမားဝါဒီတွေကိုဖေါ် ထုတ် ဖွင့် ချ တိုက်ခိုက်တာ ရှင်းရှင်းပြတ်ပြတ်လုပ်သင့်သလောက်မလုပ်ခဲ့ကြဘူး။ အချိန်နှောင်း တယ်။ စစ်အာဏာရှင် နဲ့ ပတ် သက်ရင် ပြတ်သားတဲ့ လမ်းစဉ်မချထားခဲ့ရင် ရှေ့ တော်လှန် ရေးလှုပ်ရှားမှုဟာ တိုး တက်ဖို့ ခက်မယ်။ အချောင်သမားဝါဒ၊ စေ့စပ်ရေးဝါဒ။ပြုပြင်ရေးဝါဒ ရွှေပြည်အေးဝါဒ တွေဟာ ဒီနေ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမည့်ဝါဒတွေပဲ။
မြန်မာပြည်မှာကြံ့ဖွတ် စစ်ဗိုလ်တွေက နိုင်ငံရေးကို ရုပ်ရှင်ကြော်ငြာတွေလိုလုပ် နေပေမဲ့ အချိန်တန်အိမ်ပြန်ရင် အဆင်မပြေမှုတွေ ပြည့်နှက်နေတဲ့ ဘ၀အမှန်က တော်လှန် ရေးကို တောင်းဆိုနေမှာပါပဲ။ ယနေ့ခေတ်လူငယ်တွေဟာနည်းပညာကျွမ်းသလိုဆက်သွယ် ရေး စံနစ် ကောင်း တယ်။ အကင်းပါးကြတယ်။ တော်လှန်ရေးသဘောတရားသာ တပ်ဆင် ပေးနိုင်ရင် သမရိုးကျ တော်လှန်ရေးထက် ခေတ်သစ်တော်လှန်ရေးလှုပ်ရှားမှုတွေကိုအကောင် အထည် ဖေါ်နိုင်ကြ လိမ့် မယ်။ သူတို့ကိုနှိုင်းယှဉ် ပြတဲ့နည်းနဲ့ တော်လှန်ရေး အသိကို တည် ဆောက်ပေး ရလိမ့် မယ်။ ဝေါလ်လမ်းမ သိမ်းပိုက်ရေး လှုပ်ရှားမှုဟာ လူတန်းစား တော်လှန် ရေး အသိကို ဖူးပွင့်စေပါတယ်။ သမရိုးကျတော်လှန်ရေးအမြင်လောက်နဲ့ ယနေ့တော် လှန်ရေးကို ဆက်လုပ်လို့ မရနိုင်ဘူး။
လက်နက်ကိုင်တော်လှန်ရေး အကြောင်းကို လွဲလွဲမှားမှားနားလည်နေကြတာကို တွေ့ ရ တယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ လက်နက်အားကိုးပြီး ဖိနှိပ်အုပ်ချုပ်တဲ့သူတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရလို့ ကျင်သုးံတာဖြစ်တယ်၊ ဒီအဖြစ်က မြန်မာပြည်မှာ ၈၈ က ဖြစ်ခဲ့ပြီ။ စစ်တပ်က ဒီနေ့အထိ အိမ်ဦးခန်းကနေ ဗိုလ်ကျနေတုန်းဘဲ။
“လက်နက်ကိုင်တိုက်လို့ မနိုင်မှ မနိုင်တာ “ လို့ဆိုသူတွေကို လက်နက်ကိုင် တိုက်ပွဲ ကောလုပ်နိုင်ခဲ့လားလို့ မေးချင်တယ်။ စေ့စပ်ရေးလိုလို၊ အပစ်ရပ်ရေးလိုလို၊ ဖွံ့ဖြိုးရေးလိုလို လက်နက်ကိုင်တိုက်ပွဲကို တကယ် မလုပ်နိုင်ခဲ့ဘူး။မလုပ် နိုင်ရတဲ့ အကြောင်းတွေက စာတ စောင်ပေတဖွဲ့ဖြစ်နိုင်တယ်။ ဒါဟာ တောထဲက လက်နက်ကိုင်တိုက်ပွဲပဲ ဖြစ်တာကို လေး လေးနက်နက်သတိထားပါ။ လက်နက်ကိုင်လမ်းစဉ်ဟာ တောထဲမှာသာ ဆိုတဲ့ ကန့် သတ်ချက် မရှိပါဘူး၊ ကျွန်တော်တို့ဘာသာ ကန့်သတ်ထားတာပဲ ဖြစ်တယ်။
အာရပ်ကမ္ဘာကအပြောင်းအလဲတွေက တောကတိုက်ပွဲတွေမဟုတ်ခဲ့ဘူး မြို့ပြတိုက်ပွဲ တွေဘဲ။ လီနင်တို့ အရာတိုလာခိုမီနီတို့ က ကောတောမြို့တိုက်ပွဲတွေနဲ့ အောင်ပွဲခံကြတာပါ၊ သူတို့မှာ ရှိတာက လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ပဲ။ ကျွန်တော်တို့မှာရှိလား၊ မရှိရင် မလုပ်ရဲရင် လုပ်ရဲတဲ့ သူတွေနောက်ကလိုက်ယုံပဲ။ စစ်တပ်လွှတ်တော်မှာတော့ သူ့အရပ်နဲ့ သူ့ဇာတ် လူထုကို မပျင်းရအောင် မီးမောင်းမျိုးစုံသုံးပြီး မြူဆွယ်နေဦးမှာပါ၊ ကချင်ပြည်ဘက်က သေနတ်သံတွေမကြားရအောင်လည်း အသံချဲ့စက်ကို ကျယ်ကျယ်လောင်လောင် ဖွင့်ထားပါ လိမ့်မယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လေသံဟာ ဒီနေ့ မကြားရသလောက်ဘဲ။ လူ့အခွင့် အရေး၊ လယ်ယာမြေရရေး တိုက်ပွဲတွေဟာ လက်တွေ့ နယ်ပယ်မှာ အဖြစ်မနေလုပ်ရ မည့် အလုပ်ဖြစ်ပေမဲ့ စစ်အာဏာ ဆန့်ကျင်ရေး။ တိုက်ဖျက်ရေး အမြင်မရှိရင် ၈၈ တုန်းက လှုပ်ရှားမှုလို စစ်အာဏာသံသရာအောက်မှာ ပြည်သူတွေ ဒီထက်ဒီဆင်းရဲ မွဲတေပြီး ဖိနှိပ် သွေးစုတ် ခံနေရဦးမှာဘဲ။ကြံ့ဖွတ်လွှတ်တော်ဆိုတာ စစ်အာဏာရှင်တွေနဲ့ သူလက်ပါး စေ လက် ဝေခံတွေကို ကာကွယ်တာကလွှဲလို့ ပြည်သူလူထုအတွက် အချိန်ဖြုန်းဖို့ လှည်းစား ချက် တခုသာဖြစ်တာကို မကြာမီမှာ သိလာကြမှာပါ။
အဖိနှိပ်ခံ ညီညွတ်ရေး၊ ဘုံရန်သူစစ်အာဏာရှင်ကို ၀ိုင်းတိုက်ရေးဟာ ဒီနေ့ လုပ်ရ မည့်အလုပ်ဖြစ်တာကို ရှင်းရှင်းလင်လင်းးပြတ်ပြတ်သားသား မြင်ဖို့ အရေးကြီးနေပါတယ်။ လှုပ်ရှားမှုတွေကသာ လူထုသဘောထားကို ထင်ဟပ်နိုင်ပါလိမ့်မယ်။စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားမှုကို အဓိကထားကြရမှာ ဖြစ်တယ်။
နှောင်ကြိုးတွေကို ရိုက်ချိုးပစ်။
ကိုယ့်အခွင့်အရေး အတွက် ကိုယ်စီတိုက်ပွဲဝင်။
အချောင်သမားစိတ်ဓါတ်ကို ဆန့်ကျင်။
တော်လှန်ရေးမုချအောင်ရမယ်။
ဦးအေးဆောင်
ဧပြီ ၁၆ ၊ ၂၀၁၂။
Source:FB
No comments:
Post a Comment