မူလစာမျက်နှာ

Monday, 9 April 2012

ငါးထောင်တန်ဖုန်းများ ထွက်ပေါ်ရေးလူပ်ရှားမှု

“ငါးထောင်တန်ဖုန်းများ ထွက်ပေါ်ရေးလူပ်ရှားမှု သိမ်ကြီးဈေးရှေ့နှင့် မြို့နယ် ၃ခုတွင်ပြုလုပ်ခဲ့” ငါးထောင်တန်ဖုန်းများ ထွက်ပေါ်ရေးလူပ်ရှားမူတစ်ရပ်ကို ဧပြီလ ၉ ရက် နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့ သိမ်ကြီးဈေး မဟာသိမ်တော်ကြီး ကျောင်းတိုက်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူပ်ရှားမူကို ထိုနေ့ နံနက်ပိုင်း ၁၀ နာရီခန့်မှစတင်၍ သင်္ဃန်းကျွန်း ၊ ဘုရင့်နောင်နှင့် လှည်းတန်းတို့တွင်တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငါးထောင်တန်ဖုန်း ပေါ်ထွက်စေရေး ပြည်သူလူထုမှ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရန် လိုကြောင်း လက်ကမ်းစာစောင်များဝေငှခဲ့ခြင်းဖြစ်ကြောင်းသိရသည်။“ငါးသိန်းတန် ၊ နှစ်သိန်းတန် ဖုန်းတွေကို အစိုးရက ကုပ္မဏီတွေကို ရောင်းခိုင်းသလိုပဲ ငါးထောင်တန်ဖုန်း ကိုလည်း ရောင်းပေးစေချင်တယ်။ ဒီဖုန်းသာဆိုရင် လူတန်းစား မရွေးကိုင်နိုင်မယ် ၊လယ်သမားတွေ အနေနဲ့လည်း သူတို့ရဲ့စပါးတွေကို အချိန်နဲ့ တပြေးညီပေါက်ဈေး အတိုင်းရောင်းနိင်မယ် ” ဟု အဆိုပါလူပ်ရှားမှု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးသိန်းအောင်မြင့်ကပြောသည်။ အစိုးရသည် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသော အစိုးရဖြစ်၍ ပြည်သူ့ဆန္ဒကို လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ဖော်ထုတ်ခွင့်ရှိကြောင်းအဆိုပါလူပ်ရှားမူအဖွဲ့မှ ကိုထင်ကျော်က ငါးထောင်တန်းဖုန်းပေါ် ထွက်ရေး လက်ကမ်းစာရွက်များဝေငှရင်း ပြောကြားသည် ။ အဆိုပါလှုပ်ရှားမှုကို မေလဒုတိယပတ်အတွင်းက ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ၊ လှုပ်ရှားမှုတစ်ကြိမ်စီတွင် အသုံးပြုခဲ့သည့် လက်ကမ်းစာစောင် သုံး သောင်း ၀န်းကျင်ခန့်ရှိကြောင်း အဖွဲ့ဝင်တစ်ဦး ၏ပြောကြားချက်အရ သိရသည်။

No comments:

နေ့မှာ