ရှမ်းပြည်နယ်မဲဆန္ဒနယ်(၃)၊
အမျိုးသားလွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊
တန့်ယန်း၊ မိုင်းရယ်၊ကွမ်လုံမြို့နယ်ငါးမြို့တို့တွင် ပါတီငါးခုက
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပါတီငါးခုမှာ ပြည်ခိုင်ဖြိုးမှ
ဒေါ်နန်းကိန်ဖောင်းတစ်၊
အန်အယ်လ်ဒီမှ
ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ ဦးစိုင်းစံမင်း၊ ကိုးကန့်ပါတီမှ
ဦးလော်ဆင်ကွမ်း၊ လားဟူပါတီမှ ဦးယောသပ်တို့ဖြစ်ကြသည်။
မဲဆန္ဒနယ်မြေအတွင်းရှိ ငါးမြို့နယ်မှာ မြို့နယ်ချင်းခရီးကွာဝေးသည့်အတွက်
ယနေ့ည ၁၀ နာရီအထိ တန့်ယန်းနှင့် ကွမ်လုံမြို့နယ်များရှိ မဲစာရင်းများ
ရောက်ရှိမလာသေးပေ။ ထို့ကြောင့် လားရှိုး၊ သိန်းနီနှင့်
မိုင်းရယ်မြို့တို့မှ ရရှိသည့် မဲစာရင်းများကိုသာ ဦးစွာရေတွက်ပြီး
ခန့်မှန်းမျှော်လင့်နေကြသည်။ မည်သူနိုင်မည်ကို ယနေ့ည အထိ
ကောင်းစွာအဖြေမပေါ်သေးသည်မှာ ယင်းပါတီငါးခု၏ လက်ရှိရရှိထားသော
မတိမ်းမယိမ်းမဲရလဒ်များကြောင့်ပင် ဖြစ်သည်။ ယနေ့ည ၁၀ နာရီတွင်
လက်ရှိမဲရေတွက်မှုများကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂ ရက်နေ့ ညနေ ငါးနာရီတွင်
ပြန်လည်ရေတွက်ရန် ကိုယ်စားလှယ်လောင်းများအား ထပ်မံဖိတ်ကြား ထားသည် ကို
တွေ့ရသည်။ ထို့ကြောင့် ရှမ်း/မြောက်တွင် မည်သည့်ပါတီအနိုင်ရရှိမည်ကို ၂
ရက်နေ့ညတွင် အကြမ်းဖျင်း ခန့်မှန်းနိုင်ကြမည်ဖြစ်သည်။ နောက်ဆုံးရလဒ်ကိုမူ
ရှမ်းပြည်နယ်ကော်မရှင်ကသာ ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ကြောင်း
ခရိုင်ကော်မရှင်အတွင်းရေးမှူး ဦးအောင်ကိုဝင်းက 7Day News သို့ ပြောသည်။
သတင်း- ဥက္ကာကိုကို၊ သန်းဌေး
ဓာတ်ပုံ- ဥက္ကာကိုကို
No comments:
Post a Comment