မူလစာမျက်နှာ

Saturday, 21 April 2012

မန္တလေး စာရေးဆရာများနဲ့ ကဗျာဆရာများသင်္ကြန်သံချပ်အဖွဲ့က မဟာဝိဇိတာရာမတိုက် သာသနာ့ဝန်ဆောင်ပရဟိတကျောင်းမှာ သွားရောက်လှူဒါန်း


မန္တလေး စာရေးဆရာများနဲ့ ကဗျာဆရာများစုစည်းထားတဲ့ တော်ရိလျော်ရိ သင်္ကြန်သံချပ်အဖွဲ့က သင်္ကြန်တွင်းမှာ မိဘပြည်သူတွေကို လှည့်လည်ဖျော်ဖြေရာက ရရှိတဲ့ ဆုချီးမြှင့်ငွေများကို ဒီကနေ့ (၂၁-၄-၂၀၁၂) မနက် ၁၀ နာရီက မန္တလေးမြို့ ကျွဲဆည်ကန်သံလမ်းဘေးက မဟာဝိဇိတာရာမတိုက် သာသနာ့ဝန်ဆောင်ပရဟိတကျောင်းမှာ သွားရောက်လှူဒါန်းကြပါတယ်။ သာသနာ့ဝန်ဆောင်ပရဟိတကျောင်းက တိုင်းရင်းသားမိဘမဲ့ကိုရင်လေးများအတွက် အလှူငွေ ၉ သိန်း၊ မန္တလေးစာပေအနုပညာရှင်များ လူမှုကူညီရေး အစီအစဉ်ကို ၁ သိန်းလှူဒါန်းတာပါ။
Source:FB

No comments:

နေ့မှာ