မူလစာမျက်နှာ

Sunday, 1 April 2012

၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး၏ ပြောပြချက်

မိမိ အနိုင်ရစေချင့်သည့် ပါတီ အနိုင်ရရှိသည့် အတွက် သာမန်ပြည်သူ အနေအဖြင့် ကျေနပ်ပါကြောင်း ကြားဖြတ် ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း များ အနိုင်ရရှိမှု များသည့်အတွက် သာမန်ပြည်သူ တစ်ယောက် အနေဖြင့် မိမိ အနိုင်ရစေချင်သည့် ပါတီ အနိုင် ရရှိသည့် အတွက် ကျေနပ်ပါကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ည ၉ နာရီ ၂၀ က ပေါ်ပြူလာနယူးစ်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားသည်။
၎င်းတို့သည် ယခု ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍စောင့် ကြည့်လေ့လာရေး ကွန်ရက် ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲ အားစောင့် ကြည့်ခဲ့သည်တွင် အဓိက ကြုံတွေ့ရသည့် ပြဿနာမှာ မှတ်ပုံတင် ရှိလျှက်၊ သန်းခေါင်စာရင်း ရှိလျှက် မဲပေးခွင့် မရရှိကြသည့်သူ အများစု ကိုကြုံတွေ့ခဲ့ ရကြောင်း ၄င်းကပြောသည်။
“ ကျွန်တော်တို့က တစ်ဖက်ကလည်း ရွေးကောက်ပွဲ ကိုစောင့်ကြည့် လေ့ လာသူ အဖြစ် ရှိနေတယ်ဆိုတော့ ပါတီ တစ်ခုခုနိုင်ခြင်း မနိုင်ခြင်း ထက် ရွေးကောက်ပွဲကို တရားမျှတကြမှုရှိလား။ လွတ်လပ်မှု ရှိလား ဆိုတဲ့အပေါ်မှာ အဓိကထား သုံးသပ်သွားမှာပါ”ဟု ကိုကိုကြီး ကပြောသည်။

Source:FB

No comments:

နေ့မှာ